Part -1(စတင်​ခြင်း)

2K 191 28
                                    


The most beautiful line ;
"But I Love You ..."

The most painful line ;
"I love you ,but ..."

                    ❤Believe ❤

မျက်​စိ​ရှေ့​ရောက်​လာသမျှbusကား​တွေက အကုန်​ကျပ်​​နေတာမို့ chen မတက်​​သေးဘဲ ​ချောင်​တဲ့ကားကို​စောင့်​​နေလိုက်​သည်​ ။ ဦး​လေးက သူသုံး​နေတဲ့ကားနဲ့ပြန်​လို့​ပြော​ပေမယ့်​ အ​ရေးရယ်​အ​ကြောင်းရယ်​ ဦး​လေးကားသုံးစရာရှိရင်​ အဆင်​မ​ပြေမှာစိုးလို့ မယူခဲ့ခြင်း။

ဦး​လေးက​entertainment angency ​သေး​သေး​လေးတစ်​ခု ထူ​ထောင်​ထားပြီး သူက​တော့ ပွဲဦးမထွက်​ရ​သေးတဲ့ အဆို​တော်​​ပေါက်​စန​လေးသာဖြစ်​သည်​ ။ သို့​သော်​ သူ့အသံ​ကောင်းမှန်းသီချင်းပိုင်​ပိုင်​နိုင်​နိုင်​ဆိုတက်​မှန်းသိလို့ ဦး​လေးက ​မြေ​တောင်​​မြှောက်​​ပေးရန်​ ကြိုးစားကာ entertainment angency ထိပါထူ​ထောင်​ပြီး အနုပညာ​လောကထဲ ဝင်​ဆန့်​နိုင်ဖို့အတွက်​ ကြိုးစား​နေခြင်းဖြစ်​သည်​ ။

အကုန်​အဆင်​​ပြေပြီး နာမည်​မြန်​မြန်​ကြီးလာရင်​​ကောင်းမယ်​ မိဘ​တွေအစားကြည့်​ရှု​စောင့်​​ရှောက်​​ပေးခဲ့တဲ့ ဦး​လေးကိုအလုပ်မလုပ်ဘဲ​​သက်​​တောင့်​သက်​သာ နဲ့ နား​နိုင်​​အောင်​ သူတဖန်​ ​စောင့်​​ရှောက်​ပေးချင်​ပြီ ။

နဲနဲ​စောင့်​ပြီးသည့်​​နောက်​ လာသည့်​ကားက အနည်းငယ်​​ချောင်​တာမို့ တက်မည်​ဟု ဆုံးဖြတ်​လိုက်​သည်​ ။ ကားက​ချောင်​​နေတာမို့အချို့​နေရာ​တွေမှာ ခုံ​တွေပင်​လွတ်​​နေ​သေးသည်​ ။ ည​နေရုံးဆင်းချိန်​ ပြန်​လာမိတာမို့​နေရာရတာက အလွန်​ကံ​ကောင်းသည်​ဟု ဆိုရမည်​ပင်​ဖြစ်​သည်​ ။ 

မှတ်​တိုင်​နှစ်​ဆယ်​​ကျော်​စာ စီးရမည်​ဖြစ်​၍ ​​နောက်​ဆုံးတန်းရဲ့ အ​ရှေ့ကပြတင်း​ပေါက်​ထိုင်​ခုံကိုသာ​ရွေးလိုက်​မိသည်​ ။ ထိုင်​စရာ​နေရာရသွားတာမို့ နားကြပ်​​လေးတပ်​ကာ သူဒီ​နေ့အသံသွင်းခဲ့တဲ့သီချင်းအကြမ်းကိုပြန်​နား​ထောင်​ရသည်​။ ဘယ်​နား​လေး​တွေဘယ်​လိုထပ်​ဖြည့်​ရင်​​ကောင်းမလဲဆိုပြီး စာအုပ်​နဲ့​ဘောပင်​ဖြင့်​ မှတ်​သားရ​သေးသည်​ ။ ပွဲဦးထွက်​ရမည့်​ သီချင်းမို့ သူတစ်​ကယ်​ စင်းလုံး​ချော ပြီးအမှားအယွင်းမရှိဆိုနိုင်​မှကိုဖြစ်​မည်​ ။

BELIEVE Where stories live. Discover now