Part-11

957 153 43
                                    

လေးလံ​​နေတဲ့မျက်​ဝန်း​တွေကို အားယူဖွင့်​မိရင်း ကုတင်​​ပေါ်တွင်​ထိုင်​လိုက်​မိသည်​နှင့်​တစ်​ပြိုင်​နက်​ အိမ်​​တော်​ထိန်းချာ က​ဘေးနား​ရောက်​လာကာ ​ရေ တစ်​ခွက်​အား​ပေးလာတာမို့ လှမ်းယူလိုက်​ပြီး တစ်​ကျိုက်​တည်း​မော့ပစ်​လိုက်​မိသည်​ ။

"Chen ​ရော ကျွန်​တော့်အ​​ခြေအေ​နအကုန်​မြင်​သွားတာလား?"

"ဟုတ်​ကဲ့  သူ့မျက်​စိ​ရှေ့တင်​ ဖြစ်​သွားတာဆို​တော့ ..."

" ဘာ​မေး​သေးလဲ "

" ဘာမှမ​မေး​ပေမယ့်​ သခင်​​လေး chen က ငိုပါတယ်​ "

ငိုတယ်​တဲ့ ​ကြောင်​ငယ်​​လေးက ... ဘာလို့မှန်းမသိ ရင်​ထဲဆစ်​ခနဲနှင့်​ အသက်​​ရှူတောင်​မဝချင်​​တော့ ။

" မ​နေ့ည​နေက​နေပြီး ဒီ​နေ့မနက်​ထိသခင်​လေး​ဘေးနား​စာင့်​​ပေး​နေ​ပေမယ့်​ မန်​​နေဂျာက ရိုက်​ကူး​ရေးရှိလို့ပြန်​လာ​ခေါ်သွားပါတယ်​ "

"သိပြီ ထွက်​သွား​တော့ "

"ပြီး​တော့ ဒယ်​ဟန်​ ​ဆေးရုံအုပ်​ ကလဲသူ့သမီးနဲ့​စေ့စပ်​ဖို့
အတင်းတွန်းအား​ပေး​နေပါတယ်​ ခွင့်​ပြုမယ်​ဆို ကျွန်​​တော်​ အပြတ်​ဖြတ်​လိုက်​ပါ့မယ်​ "

"ရက်​သတ်​မှတ်​လိုက်​ "

"သခင်​​လေး ..."

ဟန့်​တားသလိုအသံ​ကြောင့်​ ကုတင်​​ပေါ်ကဆင်းကာ ​ရေချိုးခန်းဖက်​ဦးတည်​ထားရာမှ အကြည့်​စူးစူးဖြင့်​ တစ်​ချက်​ပြန်​လှည့်​ကြည့်​လိုက်​​တော့မှ မျက်​လွှာချကာ ...

"​တောင်းပန်​ပါတယ်​ ...ဝင်​ပါသလိုဖြစ်​​နေမယ်​ဆို​ပေမယ့်​ သခင်​​လေး chenလဲရှိ​သေးတယ်​ ..."

"ကိုယ့်​ကိစ္စကိုယ့်​ဘာသာကြည့်​လုပ်​မှာမို့အိမ်​​တော်​ထိန်း ချာက ခိုင်းတဲ့အတိုင်းလုပ်​ရင်​ရပြီ သွား​တော့ "

"ဒါ​ပေမယ့်​ သခင်​​လေး chen ...."

"စကားအပိုမ​ပြောနဲ့အိမ်​​တော်​ထိန်းချာ ခင်​ဗျားကအဲ့​လောက်​ထိဝင်​ပါလို့ရတဲ့လူမဟုတ်​ဘူး "

BELIEVE Tempat cerita menjadi hidup. Temukan sekarang