Part-4

1K 140 53
                                    

စွန့်​ပစ်​ခံရတာ အကျင့်​ပါပြီးအထူးအဆန်းမဟုတ်​​တော့​ပေမယ့်​ ဒီတစ်​ခါ​တော့မတူဘူး ...

အရင်​လူ​တွေတုန်းက ချစ်​တယ်​မ​ပြောဘဲစွန့်​ပစ်​တာမို့ ခံသာ​ပေမယ့်​ Kim Chenက​တော့ ချစ်​တယ်​​ပြောပြီး အမြတ်​တနိုး ဆုတ်​ကိုင်​ထားမိတဲ့ လက်​တစ်​စုံကို ​ဆောင့်​ရုန်းသွားပါတယ်​ ။

ပိုနာကျင်​တယ်​ ပိုအထီးကျန်​တယ်
အစွန့်​ပစ်​ခံနေကျ​ပေမယ့်​ ကျွန်​​တော်​ဒီတစ်​ခါ​တော့ အထိနာခဲ့ပါတယ်​ ...
                                            Wu Yifan       

                          ❤Believe❤

" ညကအပြင်​မှာ အိပ်​တာလား "

အိမ်​ထဲဝင်​ဝင်​ချင်း မှာပင်​ ဦး​လေးက ဧည့်​ခန်းစားပွဲမှာထိုင်​ကာ ​ရေ​နွေးကြမ်း​သောက်​ရင်း သတင်းစာဖက်​​နေတာမို့ မျက်​နှာချို​သွေးရင်း ...

"​မေးစရာရှိတယ်​ ဦး​လေး "

"​မေး​လေ "

" ကျွန်​​တော်​ မိတ်​ဆက်​​ပေးချင်​တဲ့လူရှိ​နေပြီဆို ဦး​လေးလိုက်​​တွေ့​​ပေးမှာလား?"

ပြုစုပျိုး​ထောင်​ ပြီး အရိပ်​တကြည့်​ကြည့်​ နဲ့ ​စောင့်​​ရှောက်​ခဲ့တာဟာ မ​နေ့တ​နေ့ကလိုမျိုးထင်​ကာ ...
သူ့လက်​ထဲ​ပွေ့ချီခဲ့ရတဲ့ ​မွေးကင်းစက​လေးငယ်​​လေးရဲ့ ​သေး​ကွေးနူးညံမှု​တွေကလဲ အခုထက်​ထိခံစား​နေရ​သေး​ပေမယ့်​ ...
သူ့မျက်​စိ​ရှေ့က ​ကောင်​ငယ်​​လေးဟာ ​ယောက်ျားသားတစ်​ဦးအဖြစ်​အရွယ်​​ရောက်​လာလျှက်​ ...
တစ်​ဦးတည်း​သော ​သွေးရင်းသားရင်း​လေးမို့ ဘယ်​လိုထိခိုက်​လွဲမှားမှုမျိုးကိုမှ မခံနိုင်​တာ​တော့ ထို​ကောင်​​လေးနားလည်​မည်​မထင်​ ...

" အခု​လော​လောဆယ်​​တော့ ပွဲဦးထွက်​ဖို့ ကိစ္စအရင်​ အာရုံစိုက်​ရ​အောင်​ ကျန်​တာက​တော့ ​နောက်​မှ​ပေါ့ ။ အ​နေအထိုင်​လဲဆင်​ခြင်​ရမယ်​ဆိုတာသိတယ်​​နော်​ ။ ပြီး​တော့ ​နောက်​​နေ့​တွေအပြင်​ထွက်​မအိပ်​နဲ့ သီချင်းဆိုမယ်​ဆို လည်​​ချောင်းက ဘယ်​​လောက်​အ​ရေးကြီးလဲ မင်းကပိုသိတာမို့လို့ အိပ်​​ရေးပျက်​မခံနဲ့ "

BELIEVE Onde histórias criam vida. Descubra agora