Part-14

1K 168 25
                                    

" ပိုက်​ဆံ​ပေးပြီး ငှါးလိုက်​​တော့မှဘဲ မျက်​စိ​ရှေ့ပြန်​​ရောက်​လာ​တော့တယ်​ "

စင်​​ပေါ်က ဆင်းဆင်းချင်းကြားလိုက်​ရတဲ့စကားက ရင်​ဝ​စောင့်​ကန်​ခံလိုက်​ရသလို ...

Kris wu က ပါတီပွဲအတွက်​သီချင်းဆို​ပေးဖို့ အတင်း​တောင်းဆိုထားသည်​ဟု မန်​​နေဂျာဆီကကြားလိုက်​ရကတည်းက ဒီအ​ခြေ​အနေ​တွေကိုသူခန့်​မှန်းမိ​ပေမယ့်​ နာကျင်​သွားရတာ​တော့အမှန်​ ...

" အဟား...ဟုတ်​ပါရဲ့ ဒီအ​တောအတွင်း အလုပ်​ရှုပ်​​နေလို့ ဒါ​တောင်​မင်းမို့လို့ငါက ဒီ​လောက်​အချိန်​ကိုဖဲ့​ပေးတာ "

ဘာမှမဖြစ်​သလို ပျက်​ယွင်းလတ္တံအမူအယာကို ထိန်းပြီး ရယ်​သွမ်း​သွေးစကား ​ပြောမိခြင်းက သူ့​ဘေးနားမှာရှိတဲ့သူ့သတို့သမီး​လောင်း ​လေးအား အားနာသမှုဖြင့်​ ...

"မသိပါဘူး တမင်​သက်​သက်​များ​ရှောင်​​နေတာလားလို့ "

ဝိုင်​ခွက်​အား ဟန်​ပါပါ​မော့ရင်း အ​နှောင့်​အသွားမလွှတ်​စကားတို့အားဆိုပြန်​တာ​ကြောင့်​ ရင်​ပူပူဖြင့်​ အ​ရှေ့က​ရေအပြည့်​ထည့်​ထား​သောခွက်​အား တစ်​စက်​မကျန်​ ​မော့​သောက်​မိရပါ​တော့သည်​ ။

ရှောင်​တယ်​ဆိုတာထက်​ ကိုယ့်​လိပ်​ပြာကိုယ်​မလုံဘူးလို့​ပြောရင်​ပိုမှန်​လိမ့်​မည်​ထင်​သည်​ ...

စေ့စပ်​ထားတဲ့မိန်းက​လေးရှိ​နေတာမို့ ထပ်​မပတ်​သတ်​သင့်​ဘူးဆိုတာ ​ကောင်း​ကောင်းနားလည်​​ပေမယ့်​ လက်​မလွှတ်​နိုင်​ဖြစ်​​နေတာက​တော့ သူတစ်​ဦးတည်းသားလျှင်​သိတဲ့အမှန်​တရား ...

ဘယ်​အချိန်​ပြန်​ချလိုက်​မိမှန်းမသိတဲ့​ရေခွက်​ထဲ ကပျာကယာ ​ရေဘူးအသစ်​ကိုဖွင့်​ကာ Kris wu ​စေ့စပ်​ထားတဲ့ မိန်းက​လေးဖြစ်​သူ ဟန်​နာက ​ရေပြန်​ထည့်​​ပေးသည်​ ။

"ရပါတယ်​...ကျွန်​​တော့ဘာသာကျွန်​​တော်​ ထည့်​ပါ့မယ်​ "

ဆင်​ဖြူ့မျက်​နှာဆင်​မဲမကြည့်​ဝံ့ဆိုသလို ကိုယ်​ဟာ မလုံမလဲသိမ်​ငယ်​စွာနဲ့ ခင်​မင်​လိုမှု​တွေကိုယဉ်​ယဉ်​​ကျေး​ကျေးငြင်းပယ်​ရ​တော့သည်​ ။

BELIEVE Where stories live. Discover now