" တစ်သက်လုံးကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုလာရဲ့သားနဲ့ ဒါမျိုးကျေးဇူးပြန်ဆပ်ရလို့ အားနာပါတယ် ဦးလေး"
"တကယ်ပဲ အနုပညာလောကကနေအနားယူမှာလား?
ဆုံးဖြတ်ချက်ပြန်မပြောင်းတော့ဘူးလား""တောင်းပန်ပါတယ် "
ရင်ခွင်ထဲကနုနုနယ်နယ်ကလေးငယ်ဟာ ဘယ်တုန်းကများဒီလောက်အရွယ်ရောက်သွားတာပါလိမ့် ။
ဆုံးဖြတ်ချက်ပြတ်သားမှုက မျက်လုံးတွေထိပါသက်ရောက်လို့ ။ တားလဲမတားရက်တော့။ ပထမတစ်ခါ တုန်းက
တားမြစ်ခဲ့မိ၍ အရင်လိုအေးစက်စက်ပုံစံ ပြန်ဖြစ်သွားမှာကိုဦးလေးတစ်ယောက်အနေနဲ့ ကြောက်မိတာလဲပါမည်ထင်သည် ။"ကျောင်းစတက်ကတည်းက ဦးလေးပေးထားတဲ့ ကျောင်းမုန့်ဖိုးတွေအပြင် ဒီအတောအတွင်းရတဲ့အနုပညာကြေးတွေအကုန်ပါပါတယ် အဆောက်အဦးကောင်းကောင်းမဟုတ်တောင် သင့်တင့်တာလေးအတွက်သုံးဖို့လုံလောက်မှာပါ "
မျက်စိရှေ့ထိုးပေးတဲ့စာအိတ်ဖြူဖြူလေးနဲ့ ဘဏ်စာအုပ်လေးတွေသုံးလေးအုပ် ။ကျောင်းတက်ကတည်းက တစ်ဦးတည်းသောတူလေးမို့ ကျောင်းကောင်းကောင်းတက်စေခဲ့သော်လည်း ပိုက်ဆံရှိသူငယ်ချင်းတွေကြား သာမာန်လာတန်းစားသူတို့အတွက် လူတန်းစေ့မသုံးစွဲနိုင်ဘဲ chenက မျက်နှာငယ်ခဲ့ရသည် ။
အဲ့တာတောင် chen က မျက်နှာတစ်ချက်မပျက် အနိုင်ကျင့်ခံရသည့် အဆင့်ထိမဟုတ်သော်ငြား သူငယ်ချင်းကောင်လေးများက ဟိုခိုင်းဒီခိုင်း ခိုင်းရင်လုပ်ရသည်ဟု နောက်မှသိခဲ့ရသည် ။ အဲ့ကိစ္စနဲ့ သူစိတ်မကောင်းဖြစ်မှနိးသိ၍ အဲ့နောက်ပိုင်း chenက သူငယ်ချင်းမထားတော့ ။ တစ်ယောက်တည်းဖြစ်အောင်နေပြီး သူ့ကိုဘဲ သူငယ်ချင်းလို အဖေလို၊အမေလို၊ဦးလေးလို တွယ်တာခဲ့သည် ။
YOU ARE READING
BELIEVE
FanfictionThe most beautiful line ; "But I Love You....." The most painful line ; "I Love You ,but..." cover photo by Xback- KHHK❤