Part-2

1.2K 157 34
                                    

ဦး​လေး၏ entertainment ကတခြား entertainment အကြီး​တွေလို ကိုယ်​ပိုင်​အ​ဆောက်​အအုံနှင့်​မဟုတ်​ ...မြို့ထဲသိပ်​မကျ​သော လူစည်​ကားရာ လမ်းတစ်​ခုရဲ့ နာမည်​ကြီး towerတစ်​ခုတွင်​ ရုံးခန်းငှါးပြီးဖွင့်​လှစ်​ထားရခြင်းသာဖြစ်​သည်​ ။

ပွဲဦးထွက်​ရမည့်​ ရက်​ကနီးလာ​လေ သူ့မှာရင်​ခုန်​စိတ်​လှုပ်​ရှားရ​လေဖြစ်​ပြီး အစားအ​သောက်​အ​နေအထိုင်​ကို အထူးဂရုစိုက်​ကာ ဆင်​ခြင်​ပြီး vocal train ​ပေး​သော ဆရာဆီမှာဘဲ ညအိပ်​ချိန်​ကလွဲ ​ရေကုန်​​ရေခမ်း အားထုပ်​ကြိုးပမ်းရသည်​ ။

သူ​အောင်​မြင်​မှကိုဖြစ်​မှာ ။ တစ်​သက်​လုံး​ကျွေး​မွေး​စောင့်​​ရှောက်​ခဲ့တဲ့ သူ့ဦး​လေးကို အရမ်းအကြီးကြီးမဟုတ်​ရင်​​တောင်​ building ​ကောင်း​ကောင်း​လေးတစ်​ခု ​လောက်​​တော့ ပြန်​ဝယ်​​ပေးနိုင်​သည့်​ အ​ခြေအ​နေ​လေး​တော့​ရောက်​ချင်​သည်​​လေ ။

Tower က​နေ အသံ​လေ့ကျင့်​ပြီး၍ဆင်းလာ​တော့ ညက​တော်​​တော်​ပင်​မိုးချုပ်​​နေ​လေပြီ ... ဦး​လေးကလဲပြန်​သွားနှင့်​တာမို့ busကားစီးရန်​အတွက်​ busကားမှတ်​​တိုင်​သို့​ရောက်​​အောင်​ ငါးမိ​နစ်​​လောကလမ်း​​လျှောက်​ရမည်ဖြစ်​​သည်​ ။

လွယ်​ထားသည့်​​ကျောပိုးအိတ်​ကိုပုခုံး​ပေါ် ပြန်​ပြင်​လွယ်​လိုက်​ရင်း လမ်း​လျှောက်​လိုက်​စဉ်​ ​နောက်​ကတစ်​စုံတစ်​​ယောက်​လိုက်​လာတာကိုခံစားမိလိုက်​သည်​ ။ စိတ်​ထင်​တာဖြစ်​မှာပါ​လေဟု စိတ်​ကို​လျှော့ချလိုက်​ရင်း လာ​နေပြီဖြစ်​​သော busကား​ပေါ်သို့ ...

                       ❤Believe❤

တစ်​ပတ်​​မြောက်​​သော​နေ့ ....

သူ့​နောက်​က လူတစ်​​ယောက်​လိုက်​​နေတာ ဒီ​နေ့နဲ့ဆိုတစ်​ပတ်​​ပြည့်​သွားပြီ ...
Tower​ရှေ့က​နေ သူစီးတဲ့ busကား​ပေါ်ထိ ၊
မှတ်​တိုင်​က​နေဆင်း အိမ်​ထိလမ်း​လျှောက်​တဲ့ထိ ၊
ပြီးရင်​ သူ့အိမ်​​ရှေ့က ဓာတ်​မီးတိုင်​​အောက်​ ခဏရပ်​မယ်​ ။ စီးကရက်​တစ်​လိပ်​ကို မီးပြင်းပြင်း ညှိပြီး ဓာတ်​တိုင်​ကို​ကျောမှီကာ ​ခြေတံရှည်​​တွေက အငြိမ်​မ​နေ ။ဟိုလှုပ်​သည်​လှုပ်​နဲ့ ။ ​ဆေးလိပ်​ကုန်​သွားရင်​ ​သောက်​ထားတဲ့​ဆေးလိပ်​ကို ​ခြေ​ထောက်​နဲ့ထိုး​​ချေ ပြီးလာရာလမ်းအတိုင်းပြန်​လှည့်​သွားမယ်​ ။ ဒါတစ်​ပတ်​အတွင်းသူမပျက်​မကွက်​လုပ်​​နေကြ ကိစ္စ​တွေ ။

BELIEVE Where stories live. Discover now