Chapter - Oneကြွက်ကလေးတွေက ဆန်ကိုချစ်သလိုမျိုး ♥
____________________________________
ဒယ်ဆန်း တက္ကသိုလ် ။ပထမဆုံး အတန်းချိန် စဖို့
ငါးမိနစ်အလိုမှာ သူက ကျောင်းအလာလမ်းတဝက်
မှာ စက်ဘီးကိုဒုန်းဆိုင်းနင်းနေရတဲ့ အချိန် ။ လေ
အဟုန်ကြောင့် ရှုပ်ပွကုန်တဲ့ ဆံပင်တွေက အိမ်ဘေး
သစ်ပင်ပေါ်က ငှက်သိုက်လိုပဲ ဖြစ်နေမှာ မြင်ယောင်
မိပါသေးတယ် ။ စက်ဘီးလက်ကိုင်ကို ဖိကိုင်ထားရ
တဲ့ လက်ဖဝါးတွေက ချွေးစေးတွေပင် ထွက်နေပြီ။" ဆရာ ဆရာ ကျွန်တော် ကျွန်တော် ကျန်သေး "
ကျောင်းတံခါးပိတ်ဖို့ ဟန်ပြင်နေတဲ့ ဆရာလူပျိုကြီးရဲ့
ရှေ့တည့်တည့်ကို ဘရိတ်ညစ်ဖို့မေ့ပြီး မျက်လုံးပြူး
မျက်ဆန်ပြူးနဲ့. ဝင်တိုးမိတော့ ဆရာမှာလဲ ဘေး
ဘက်ကို ပြူးတူးပြူးတဲနဲ့ ထွက်ပြေးရတော့သည် ။" ဗြောင်ဘတ်ဟျွန်း မင်း ! "
"တောင်းပန်ပါတယ် ဆရာ တောင်းပန်ပါတယ် ။ "
အရှောင်ကောင်းသွားတဲ့ ဆရာလူပျိုကြီးတယောက်
နောက်ကနေ. သူ့ကိုမျက်နှာကြီးနီရဲပြီး အော်ဟစ်
ကျန်ခဲ့လေတော့သည် ။ ကိုယ့်မှာလဲ လှည့်တောင်
မကြည့်နိုင်ဘဲ စက်ဘီးကို စက်ဘီးထားတဲ့နေရာဆီ
ရောက်အောင် အရှိန်မလျော့တမ်း နင်းနေရသည် ။နာရီကိုကြည့်လိုက်တော့ ၈နာရီ ၃၅မိနစ် ။
" ချီး !! သေပြီပဲ နောက်ကျနေပြီ ။ "
လွယ်အိတ်ကို လက်တဖက်က ဆွဲကိုင်ပြီး စာသင်ခန်း
ဘက် အလောတကြီး ခြေသံတွေ တဖုန်းဖုန်းမြည်
နေအောင် ပြေးရတော့သည် ။