ဘတ်ဟျွန်းနီလေး စိတ်ညစ်နေရပြီ ။ "My Boyfri
end is tall and smart " ပါပဲ ။ စမတ်ကျ
ကြည့်ကောင်းလွန်းတဲ့ ချစ်သူတယောက်ရှိရခြင်းက တ
နေ့တနေ့ မျက်စိဒေါက်ထောက်ကြည့်ပြီး သဝန်တိုခြင်း
ကိုအမြဲတစေ ဖြစ်နေရသည်လေ ။ ကောင်းပါသေးရဲ့
လား ။ ကိုကို့မှာ ချစ်သူကောင်လေး ဘတ်ဟျွန်းနီ တစ်
ယောက်လုံးရှိနေပါလျက်နဲ့ အနားလာကပ်ချင်နေတဲ့
မိန်းမတွေကို နားမလည်နိုင်တော့ဘူး ။ကိုကိုက အဲ့
လောက်အထိ သူတို့မျက်လုံးထဲ နှစ်ယောက်မရှိအောင်
ကြည့်ကောင်းနေသည်ပေါ့ ။ဘယ်နေရာသွားသွား ၊ နှစ်ခါပြန်ငေးလောက်အောင်
ကြည့်ကောင်းနေတဲ့ကိုကို့ကြောင့် မျက်မှောင်ကြုတ်ကာ
စိတ်ကောက်ရသည် ။ ပြုံးစစနဲ့အထာပေးတတ်တဲ့ မိန်း
မတွေကြောင့်လဲ အူတွေအသည်းတွေယားတဲ့အထိ စိတ်တိုရပြန်သည် ။ ကျွန်တော်ကချည်းပဲ အူတိုနေရ
ဦးမှာလား ကိုကိုရေ !" ကဲ ! ဘတ်ဟျွန်းနီ ဒေါင်းခိုင်းထားတဲ့ဇာတ်ကားတွေ
အကုန် ကိုကို ဒေါင်းပြီးပြီ ဒါမဲ့ ဒီတညလုံး မအိပ်ဘဲ
အကုန်ကြည့်မနေရဘူးပေါ့ ကိုကို့အဆိုးအသွမ်းလေး"ဒီကြည့်ကောင်းလွန်းတဲ့ကိုကိုကတော့ဘယ်မိန်းကလေး
ကိုမှမမြင်ဘဲ ဒီအဆိုးအသွမ်းလေးမှအဆိုးအသွမ်းလေး
မှ ဖြစ်နေတာကတော့ မတတ်နိုင်တော့ပါဘူးလေ ။
ဘတ်ဟျွန်းနီ ချစ်ခဲ့သလောက် ကိုကိုက ပိုပြီးကျော်လွန်
အောင် ချစ်ပြနေသည်လားမသိ ။ ကိုကိုကတော့ ပြော
ဖူးတယ် ။ အရင်က ဘတ်ဟျွန်းနီ ရဲ့ အချစ်တွေကို
မျက်ကွယ်ပြုခဲ့မိအတွက် အခုကစလို့ ဘတ်ဟျွန်းနီရဲ့
အချစ်တွေကိုမှီအောင်ချစ်ပြမယ်တဲ့ ။ တကယ်တမ်းက
ကိုကို့ရဲ့အချစ်တွေက ပိုပြီးသာလွန်နေတာကို မသိလေ
သလား ။" ကိုကိုပါ တူတူကြည့်မလား ဟင်း!! မကြည့်ပါနဲ့တော့
လေ ဘတ်ဟျွန်းနီကြောင့် ကိုကို့စာဖတ်ချိန်ကြောင့်
လျော့ကုန်ပါမယ်လေ "