ကိုယ့်ကိုဖက်ပြီး ငိုလို့ဝသွားတဲ့ ဘတ်ဟျွန်းနီကို ထမင်း
စားဖို့ ခေါ်ထုတ်လာရတော့သည် ။ ထမင်းမစားဘဲ
စိတ်ဆိုးပြီး အခန်းတွင်းအောင်းပြနေရတယ်လို့  ဘာ
လေးမှန်းမသိ ။ ဖွလန်ကြဲနေတဲ့ ဆံပင်ရှုပ်ရှုပ်ပွပွလေး
တွေကြောင့် ဘာပုံလေးမှန်းမသိ ။ ပြောင်ရှင်းနုဖတ်
နေတဲ့မျက်နှာလေးမှာ ငိုထားလို့နှာခေါင်းကနီရဲနေ
သေးသည် ။ စိတ်ကြိုက်ငိုထားပြီးမှ နှာတရှုံ့ ရှုံ့ ဖြစ်
နေရတော့သည် ။အခုလဲ ထမင်းစားပွဲမှာထိုင်ပြီး ထည့်ပေးသမျှ ဟင်း
တွေနဲ့ ပါးနှစ်ဖက်အပြည့်ဖောင်းအောင် အားရပါးရစား
ပြနေတဲ့ ဘတ်ဟျွန်းနီက ချစ်စရာရယ် ။ မျက်လုံးတွေ
ပိတ်သွားတဲ့အထိ ရယ်ပြနေရင်း နှုတ်ခမ်းသေးသေး
လေးကလဲ ထမင်းဝါးနေလို့ တလှုပ်လှုပ် ။ ကိုယ့်မှာ
အနားမှာထိုင်နေရပြီး ဟိုဟင်းဒီဟင်း လိုက်ထည့်ပေး
ပြီး တစိမ့်စိမ့်မျက်နှာမလွှဲနိုင်အောင် ကြည့်နေရုံမှအပ
လုပ်စရာတခြားမရှိ ။" အမလေး သဘောကျလှပါတယ်ဆိုတဲ့ ချန်းယောလ်ရှေ့မှာ အရှက်မရှိ တဖြဲနှစ်ဖြဲ
စားပြနေပုံက "" မေမေ့ !"
ဘတ်ဟျွန်းနီတယောက် ထမင်းစားခန်းထဲဝင်လာတဲ့
မေမေ့က စလိုက်တာကြောင့် မျက်နှာတစ်ခုလုံးနီပြီး
ထအော်လိုက်တော့သည် ။ ပါးစပ်ထဲက ထမင်းတွေ
ထွက်မကျလာအောင် လက်တဖက်နဲ့အသာအုပ်ရင်း
မျက်လုံးတွေက ချန်းယောလ်ဆီကို အသာစွေကြည့်လာ
သည် ။ ပါးချိုင့်တွေပေါ်တဲ့အထိ အပြည့်အဝရယ်ပြုံး
နေတဲ့ ချန်းယောလ်ကြောင့် မကျေမနပ် အကြည့်တွေ
ပို့ရင်း ပါးစပ်ထဲကထမင်းတွေကို ခပ်မြန်မြန်ဝါးလိုက်ရ
သည် ။" စားစား ဘတ်ဟျွန်းနီ နောက်တခါ အခန်းတွင်း
အောင်းနေတာမျိုးမလုပ်နဲ့နော် "