နေ့လည် အတန်းချိန်ပြန်မစခင် စာသင်ခန်းအပြင်
ဘက်မှာ ဆူညံပွက်လောရိုက်နေအောင် စနောက်
အော်ဟစ်နေကြတဲ့ အသံတွေထဲမှာ ဘတ်ဟျွန်း၏
အသံက အကျယ်ဆုံးဖြစ်နေ၏ ။ အပြင်ဘက်မှာပဲ
ကျောင်းသား / သူတွေ များနေလေတော့ စာသင်ခန်း
ထဲမှာ လူအနည်းစုသာထိုင်နေကြသည် ။ တိတ်တ
ဆိတ်နေတတ်တဲ့ ရီရှင်းဟာ နားကြပ်တပ်ပြီး သူ
နားထောင်နေကျ သီချင်းအေးအေးတွေကို နား
ထောင်နေသည် ။ အနောက်ဘက် ပြတင်းပေါက်
နားမှာ စကားပြောနေတဲ့ ကျောင်းသူနှစ်ယောက်
ရယ် ၊ အရှေ့ခုံမှာ မှောက်အိပ်နေတဲ့ ကျောင်းသား
တယောက်ရယ် ၊ စာအုပ်ဖတ်နေတဲ့ ချန်းယောလ်ရယ်
အတန်းထဲတွင် ထိုသူတွေသာ ရှိနေကြ၏ ။" ဘောလုံး ငါ့ဆီ ပစ်ပေးလိုက် ငါ့ဆီ ငါ့ဆီ "
ဗြောင်ဘတ်ဟျွန်းရဲ့အသံက တခြားကျောင်းသားတွေ
အသံထက် ပိုကျယ်ကျယ်လောင်လောင် ထွက်ပေါ်
လာတတ်သည်က စာအုပ်ဖတ်နေတဲ့ ချန်းယောလ်
အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ။ ဘောလုံး
ကို' ဘုန်း ´ ခနဲ နံရံကိုပစ်ပေါက်လိုက်ချိန်တိုင်းမှာ
ချန်းယောလ် မျက်ခုံးတွေကို ထိစပ်လုနီးပါးဖြစ်နေ၏။စာကို အာရုံစိုက်မယ်ကြံလိုက်ရင်း ဗြောင်ဘတ်ဟျွန်း
ရဲ့အသံက စူးစူးနစ်နစ် ထွက်ပေါ်လာရင်း ၊ သူ
တကယ်ပင် အခက်တွေ့နေလေ၏ ။ ဘတ်ဟျွန်းရဲ့
အသံကိုကြားတိုင်း မနေ့ညက ရီရှင်းဆီ ပြန်ပြေးသွား
ခဲ့တာကို သွားသွားတွေးမိပြန်၏ ။မကောင်းလိုက်တဲ့ ဘတ်ဟျွန်းနီ ။
နောက်ဆုံး လက်ထဲက စာအုပ်ကို ပိတ်လိုက်ပြီး
သူ ရီရှင်းဆီကို ထထွက်လာခဲ့လိုက်သည် ။ မျက်လုံး
မှိတ်ကာ အေးအေးဆေးဆေး သီချင်းနားထောင်နေ
တဲ့ ရီရှင်းကိုတော့ အားနာမိရဲ့ ။ သို့ပေမဲ့ လက်ဆစ်
နဲ့ စာသင်ခုံကို တချက်ခေါက်လိုက်ရင်း သူ အသံပေး
လိုက်သည် ။