ချမ်းချမ်းစိမ့်စိမ့်နဲ့ ရေချိုးပြီးတဲ့အချိန် ။ ခေါင်းစွပ်အနွေး
ထည် အစိမ်းရောင်လေးနှင့် အနက်ရောင်ဘောင်းဘီ
ပွပွတထည်တွဲဝတ်လ်ိုက်ကာ လွယ်အိတ်ထဲက စာအုပ်
အလွတ်ကို ထုတ်ယူလိုက်ပြီး အိမ်အောက်ထပ်ကို
ဆင်းလာလိုက်သည် ။ အမေ့နားမှာ ကပ်ပြီး မုန့်ဖိုး
အတင်းတောင်းနေတဲ့ အငယ်ကောင် ဗြောင်အွန်ဝူး
ကို လျှာထုတ်ပြောင်ပြလိုက်သေးတယ် ။" အဲ့တာ ဘယ်လဲ ! မိုးချုပ်နေမှကို ။ "
အငယ်ကောင်ကို အတင်းတွန်းဖယ်ထုတ်နေပြီး အိမ်
အဝရောက်နေပြီဖြစ်တဲ့ သူ့ကို လှမ်းဆူပြန်၏ ။" ချန်းယောလ်ဆီ ။ "
လက်ထဲက စာအုပ်အလွတ်လေးကို မျက်နှာပန်းလှ
အောင် ထောင်ပြလိုက်ရသေးသည် ။" နှောင့်ယှက်ဖို့ဆို မသွားနဲ့. ။ "
အငယ်ကောင်က သူ့ကိုတလှည့်ပြန်ပြီး လှောင်ရယ်ပြ
တော့သည် ။ ရှုံ့ မဲ့ ရှုံ့ မဲ့ဖြစ်သွားတဲ့ မျက်နှာကို TV
သတင်းထိုင်ကြည့်နေတဲ့ အဖေက ပြုံးစိစိနဲ့လှည့်ကြည့်
ပြီး ရယ်ပြန်သည် ။ အကြောင်းသိနေသူတွေမို့
ချန်းယောလ်နဲ့ပတ်သက်ရင် မတရားကိုစနေကြတာ။" စာသွားမေးမှာပါဆို ။ မနှောင့်ယှက်ပါဘူးဆိုဗျာ။"
အမေ လှမ်းအော်ခေါ်မှာဆိုလို့ ဖိနပ်အမြန်ထိုးစွပ်ပြီး
ပြေးထွက်လာခဲ့လိုက်သည် ။ အချိန်အားဖြင့် ၇နာရီ
သာရှိသေးတာမို့ ချန်းယောလ်တယောက် စာကြည့်ခုံ
မှာ မားမားမတ်မတ်ကြီး ထိုင်နေလောက်ပြီ ။
အိမ်ချင်းက ကပ်နေတာအပြင် သူ့မိသားစု နဲ့ ကိုယ့်
မိသားစုကလဲ နှစ်အိမ့်တအိမ်ပင် ။" မေ့ ဘတ်ဟျွန်းလေးလာတယ် ။ "
TV ကြည့်နေရင်းကနေ ချန်းယောလ်မေမေက လှမ်း
ကြည့်ပြီး အိမ်အပေါ်ထပ်ကို လက်ညိုးထိုးပြလေရဲ့။