ကျောင်းပွဲတော်၏ မနက်ခင်းအစပိုင်း ။ အတန်းထဲက
ကျောင်းသူမိန်းကလေးတွေ လက်ချက်ကြောင့် ဗြောင်
ဘတ်ဟျွန်းတယောက် ကျောထိနီးပါးရှည်သည့်
ဆံပင်အတုကိုတပ်ထားရပြီး မိန်းကလေးကျောင်းဝတ်
စုံနှင့် မုန့်စားလက်မှတ်ရောင်းသည့်နေရာမှာ ပြုံးပြုံး
လေးနှင့် မတ်တပ်ရပ်ပေးနေရသည် ။ ယောင်္ကျား
လေးမှန်းသိကြပေမဲ့ ချစ်စရာကောင်းနေသည့်အချက်
ကြောင့် သူတို့အတန်း၏ မုန့်စားလက်မှတ်တွေဟာ
ဘတ်ဟျွန်းကြောင့် ရောင်းအားသွက်နေလေ၏ ။ဆူဆူညံညံ လူရှုပ်နေတဲ့ ကျောင်းဝန်းထဲ လက်မှတ်
တွေ အပြိုင်အဆိုင်ရောင်းကြရင်း ၊ အလှအယက်တိုး
ဝှေ့ ဝယ်နေကြရင်း ပျော်ရွှင်စရာ ကျောင်းပွဲတော်ဟာ
စည်းကားနေလေ၏ ။ သို့ပေမဲ့ လက်မှတ်ရောင်း
သည့်နေရာကို ပေါ်မလာသေးတဲ့ လူတယောက်ကို
ဘတ်ဟျွန်းတယောက် တမျှော်မျှော်လုပ်နေရသည် ။ဓာက်ပုံတွဲရိုက်ဖို့ အတင်းတောင်းဆိုနေတဲ့ ကျောင်းသူ|
ကျောင်းသားတွေကြောင့် နူတ်ခမ်းလေးကိုပြုံးရင်း ၊
လက်နှစ်ချောင်းထောင်ကာ အောင့်အီးသည်းခံနေရ၏။
အရေးထဲ ဖုန်းနံပါတ်တောင်းတာတွေကပါသေးသည်။
ပူအိုက်လာလေ ဆံပင်တုကြီးကို ဆွဲချွတ်ချင်လာလေ
လေ ဖြစ်သည့်စိတ်ကိုလဲ ကြိတ်မှိတ်သည်းခံရပြန်၏ ။" ရီရှင်း ကျန်းရီရှင်း "
မမြင်ဘဲ ကျော်ခွသွားတော့မည့် ရီရှင်းကို အတင်းလှမ်း
ခေါ်ရသေးသည် ။ မဟုတ်မှ ကိုယ့်ကို မမှတ်မိတာ
မဟုတ်လောက်ပါဘူးနော် ။ " ခေါ်တာလား " ဆိုတဲ့
မမှတ်မိသလို မင်သေသေအကြည့်ကြောင့် အနားက
မိန်းကလေးကျောင်းသူတွေက ထရယ်ကုန်ကြတော့
သည် ။" ကျန်းရီရှင်း ငါ ငါ ဗြောင်ဘတ်ဟျွန်း "
![](https://img.wattpad.com/cover/176283536-288-k306224.jpg)