ဘတ်ဟျွန်းနီတယောက် ကိုကို့ကိုလွမ်းလွန်းလို့ အိမ်အ
ထိသွားပြီးတွေ့ပေမဲ့ လမ်းထိပ်ထွက်သွားတယ်ဆိုတာ
ကြောင့် သီချင်းလေးတညည်းညည်းနဲ့ ကိုကို့နောက်ကို
လိုက်သွားလိုက်တယ် ။ လမ်းသွားလမ်းလာအသိတွေ
ကိုတွေ့ရင် အပြုံးလှလှလေးတွေနဲ့ မြင်ရသူအဖို့ ရင်အေး
စေအောင်ပြုံးပြရင်း ကိုကို့ကို ရှာဖို့ထွက်လာခဲ့သည်လေ၊ပါးစပ်တလှုပ်လှုပ် သီချင်းစာသားတွေကို မပီမပြင်ဆို
နေပြီး ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ကိုကို့ရဲကျောပြင်ကို
လှမ်းမြင်လိုက်တာကြောင့် အပြေးတပိုင်းနဲ့ အနားကို
ရောက်အောင်အပြေးသွားလိုက်၏ ။ကြည့်ပါဦး ။ နောက်ကကြည့်တာတောင် ကြည့်ကောင်း
ခြင်းအတိနဲ့ ကိုကိုဟာ လူကို မနာလိုအောင် သိပ်လုပ်
တာ ။ ဘတ်ဟျွန်းနီလေးလဲ ကိုကို့လို ပုခုံးကျယ်ပြီး
ကြည့်ကောင်းပြီး ပြေးဖက်ချင်စရာကောင်းတဲ့ ကျောပြင်
ကျယ်ကြီး ရှိချင်တယ် ။" ကိုကို့ "
အနောက်ကနေ တိတ်တခိုးသွားပြီး ဗြုန်းစားကြီးအသံ
ပေးလိုက်တော့ လန့်ဖြန့်ပြီး အာမေဋိတ်အသံထွက်
သွားတဲ့ ကိုကို့ပုံစံက ရယ်စရာကောင်းလွန်းနေတာ
ကြောင့် ဘတ်ဟျွန်းနီတယောက် အသံထွက်အောင်
အော်ရယ်လိုက်ရင်း နောက်ကနေ ကိုကို့ခါးကို ဖက်
ထားလိုက်တယ် ။"ဘတ်ဟျွန်းနီချစ်စရာကောင်းအောင်လုပ်နေတာလား"
"မဟုတ်ပါဘူး ဒီအတိုင်းနေလဲချစ်စရာကောင်းနေတာ"
သဘောတကျနဲ့ ကိုကိုက ရယ်လိုက်ပြီး နောက်ကနေ
ခါးကိုဖက်ထားတဲ့ ဘတ်ဟျွန်းနီရဲ့ ဆံပင်တွေကို လှမ်း
ဖွတယ် ။ ကိုကိုက ဘတ်ဟျွန်းနီ ဘာလုပ်လုပ်သဘော
တကျနဲ့ ပြုံးရယ်နေတာက များတယ် ။" ကိုကို့နောက်ကို လိုက်လာတာလား ? "
"မဟုတ်ပါဘူးနော် "
" မလိမ်တတ်ဘဲ လိမ်ပြန်ပြီ "
လှည့်ကြည့်လာပြီး မျက်နှာချင်းဆိုင်လာတဲ့ ကိုကိုက
မျက်နှာထက်အပြုံးတွေနဲ့ လူကို ပြုံးရယ်ပြနေတာများ ။
လက်တဖက်ကလဲ အထုပ်တထုပ်ကိုဆွဲလို့ ဘာတွေ
ဝယ်ပြီးပြန်လာတာလဲတော့မသိ ။ သေချာပေါက်အထုပ်
ထဲမှာ ဘတ်ဟျွန်းနီအတွက် မုန့်တွေပါနေလိမ့်မယ် ။