(Cang က ဒီဇာတ်မှာ အရမ်းသနားဖို့ကောင်းလို့ ဇာတ်လမ်းမစခင် short story လေးနဲ့ စရအောင်နော်)
♡♡♡♡♡
" ကျင်းအာ! အဝေးကြီးမသွားနဲ့နော် "
တာဝန်များနဲ့အတူ ဟန်ကျိုးနယ်ကို သွားရခိုက်မှာ သူနဲ့အတူ လိုက်ပါလာတဲ့ Jing က အပြင်ထွက်ဖို့ပြင်နေတာမို့ မင်းသားယုံးရီ လှမ်းအော်လိုက်ရသည်။
တစ်ဆယ်စွန်းလုစွန်းစ ကလေးတယောက်အတွက် နန်းတွင်းအရေးတွေ ဆွေးနွေးခြင်းကို ကြားနေရတာက ခဏလေးအတွင်းမှာပဲ ငြီးငွေ့လာစေသည်။ ပျင်းရိခြင်းကို သမ်းဝေသံနှင့် ဖော်ပြရင်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ ကြွမြန်းလိုက်သည်။
အမှန်တကယ်ကိုပဲ Jing အနှစ်သက်ဆုံးဖြစ်တဲ့ ဦးရီးတော်အနား နေရခြင်းအား သဘောကျလှသည်။ ဒါပေမယ့် အဲ့ဒါက နန်းတွင်းအရှုပ်တော်ပုံကိစ္စကြီးငယ်အဖြာဖြာကိုပါ စိတ်ဝင်စားတယ်လို့မဆိုလိုဘူး။
Jing က အသက်အရွယ်နဲ့ မမျှအောင်ပဲ တိုင်းပြည်ရေးရာတွေ သိကျွမ်းဝင်နေပြီဖြစ်ပေမယ့် ထိုအရာတွေနဲ့ ပတ်သက်စရာမလိုသေးသရွေ့ ဝေးဝေးမှာ နေနေဦးမှာပဲ။စံအိမ်တော်ဝင်းအတွင်းကနေ ခြေတလှမ်း ချီလိုက်တာနဲ့ လူတွေ ပျားပန်းခတ်နေတဲ့ ဈေးလမ်းပေါ် ရောက်ရှိသွားသည်။ ဈေးသည်တွေကတော့ သူတို့ပစ္စည်းသာလျှင် ကောင်းကြောင်း အော်ကြီးဟစ်ကျယ် ပြိုင်ဆိုင် ရောင်းနေကြလေရဲ့။
ဆူညံသံတွေကို Jing နှစ်သက်လေ့မရှိတာကြောင့် ကြွမြန်းရာ လမ်းကြောင်းလွှဲပြောင်းလိုက်သည်။
လူသွားလူလာကျဲတဲ့ လမ်းကျဉ်းကလေးက အနောက်အရပ်ရဲ့ အလှပဆုံး ကန်ရေပြင်ဆီ Jing ကို ခေါ်ဆောင်သွားပေးလိမ့်မယ်။
ကျင်းနန်ပြည်နယ်ရဲ့ ကျော်ကြားတဲ့ တောတောင်သဘာဝကြီးထဲက တစ်ခုသောအရပ်ထံသို့ပေါ့။ယိမ်းနွဲ့နေတဲ့ မိုးမခပင် တောအုပ်ငယ်က သူ့မြင်ကွင်းထဲ ရောက်ရှိလာသည်။ သင်းပျံ့မွှေးတဲ့ ပန်းရနံ့တို့ရဲ့ ဆွဲဆောင်မှုက ကလေးငယ်ရဲ့ ခြေလှမ်းများကို ပိုသွက်လက်လာစေသည်။
Jing ခပ်သော့သော့ လျှောက်လှမ်းနေမိတဲ့အတွက် မျက်နှာချင်းဆိုင်မှ ပြေးဝင်လာတဲ့ ကလေးလေးတစ်ယောက်ကို မမြင်လိုက်မိဘူး။
ကလေးနှစ်ယောက် တိုက်မိသွားတာဖြစ်ပေမယ့် Jing က အနည်းငယ်တောင် မယိုင်နဲ့သွားဘဲ ပိုငယ်တဲ့ကလေးငယ်လေးသာ မှောက်လဲသွားသည်။
YOU ARE READING
Lord*s Lovingly [ 花花遊龍 ]
Historical Fiction❣ 𝐻𝓊𝒶 𝐻𝓊𝒶 Y𝑜𝓊 𝐿𝑜𝓃𝑔 ပုံပြင်များထဲမှ တစ်ပုဒ် ✿ ✿ ✿ ငါ့လက္ထဲက လွတ်မြောက်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်တဲ့အရာ အစကတည်းက ဖြစ်နှင့်ခဲ့ပြီးသား . . . ငါ့လကျထဲက လွတ်မြောက်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်တဲ့အရာ အစကတည်းက ဖြစ်နှင့်ခဲ့ပြီးသား...