🖤

20.9K 1.9K 221
                                    

🍒

တောင်းပန်ပါတယ်

ငါ့ရဲ့ချစ်ခြင်းတွေထဲမှာ နူးညံ့သိမ်မွေ့ခြင်းကို မင်း ရှာတွေ့မှာ မဟုတ်ဘူး Xiao Cang

ငါ့အတွက် ရှင်သန်ရပ်တည်မှုဆိုတာ မင်းကို ငါ့ဘဝထဲ တစ်ကိုယ်ကောင်းဆန်စွာ သော့ခတ်သိမ်းဆည်းထားလိုက်တာဖြစ်တယ်။

တရားမျှတမှုဆိုတာက အလိုမကျစွာ တွန့်ချိုးသွားတဲ့ မင်းရဲ့မျက်ခုံးနက်နက်တွေလောက် အရေးမပါတာမျိုး။

အရိုင်းဆန်စွာ တောက်ပတဲ့ မင်းရဲ့ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ခြင်းတွေဟာ ငါ့ကြောင့်ပဲ ဖြစ်တည်စေချင်တယ်။

မင်းလက်ကို ထာဝရ သွယ်ယှက်ဆုပ်ကိုင်ထားဖို့ လိုအပ်တဲ့ အကြောင်းပြချက်အားလုံးကို ချွင်းချက်မရှိ ငါ ဖန်တီးထားချင်တာ။

စနောက်တယ်ဆိုတာ မင်းရဲ့အခြားတဖက်ကို မြင်ချင်လွန်းလို့လေ ငါ့ရဲ့ ချစ်ရသူရယ် . . . 

အမျက်တော်ရှနေတဲ့ မင်းကို ငါ ထွေးထွေးပွေ့ပွေ့ ချော့မြှူချင်တယ်။

နှုတ်ခမ်းပါးလွလွကို တင်းတင်းစေ့ပိတ်ထားပြီး ကြည်စင်လင်းလက်နေတတ်တဲ့ မျက်လုံးလေးတွေရဲ့ ရုတ်ချည်းပြောင်းသွားတတ်တဲ့ ခပ်စူးစူး အကြည့်တွေက သိပ်ကို နှစ်လိုဖွယ်ကောင်းလွန်းခဲ့တယ်။
ခဏခဏ မော်ဖူးချင်မိတဲ့စိတ်ကို မထိန်းကျောင်းနိုင်အောင်ပဲ။

တိတ်ဆိတ်အေးချမ်းလွန်းတဲ့ မင်းကို ငါ အသည်းယားလိုက်တာလေ။

ဆောင်းဦးရာသီလို ငြိမ်သက်နေလေ့ရှိတဲ့ မင်းနဲ့
ချစ်ခြင်းကို ဖွင့်မပြတတ်တဲ့ ငါနဲ့
တစတစ ဝေးကွာသွားမှာ ကြောက်ရွံ့ခဲ့တယ်။

ကတောက်ကဆဖြစ်မှုလေးတွေ၊ မင်းရဲ့စိတ်ဆိုးစိတ်ကောက်မှုတွေနဲ့ ငါတို့နှစ်ယောက်ကြား ကွာဟမသွားအောင် ငါ ကြံဆနေလေ့ရှိခဲ့တယ်။

ငါ့ရဲ့ဆိုးယုတ်ပေတေမှုတွေ အတိုင်းအဆမရှိ များနေရင်တောင် မင်း ငါ့ကို စွန့်ပစ်မသွားဘူးဆိုတာကို ငါ ဂုဏ်ယူစွာ ပြသချင်ခဲ့တယ်။
မင်းနဲ့ငါ့အကြား နှစ်နှစ်ကာကာ ယုံကြည်မှုတွေက လုပ်ကြံသူတွေကို ဦးကျိုးစေမယ့် လက်နက်ကောင်းပဲ။

Lord*s Lovingly [ 花花遊龍 ] Where stories live. Discover now