♥️ 19 ♥️

22.5K 2.3K 215
                                    

💙🍒💙🍒💙🍒💙

ဧကရာဇ်နဲ့ကြင်ယာတော်ကို ဒူးထောက်ဦးညွှတ်နေသူများထဲမှာ ဝမ်ဖေးဖေးတော့ မပါဝင်လေဘူး။

သူမရဲ့ အံ့အားသင့်စွာ ဝိုင်းစက်နေတဲ့ မျက်ဝန်းတစ်စုံဟာ သူမ အမြတ်တနိုး နမ်းရှိုက်ခဲ့ရဖူးတဲ့ နှုတ်ခမ်းဖျားထောင့်မှ သွေးများစီးကျနေသည်ကို ရင်နာနာနဲ့ ကြည့်ရှုနေရသည်။
သူ့ကိုယ်သူ ငါကိုယ်တော်လို့ သုံးနှုန်းခဲ့တဲ့ ဝမ်ဖေးရန်လက်မောင်းပေါ်မှာ လဲလျောင်းနေတဲ့ ဟေရင်းမျက်နှာတော်ဟာ တစ်စတစ်စ သွေးဆုတ်ဖြူဖျော့လာနေသည်။

မယုံကြည်နိုင်ခြင်းတွေဟာ သူမ မျက်နှာမှာ ပေါ်လွင်ထင်ရှားလျက်။
သူမ သိပ်ချစ်ရတဲ့ ဟေရင်းထံ အပြေးသွားကာ ထွေးပွေ့ထားလိုပေမယ့် သူမကို ဖမ်းချုပ်ထားတဲ့ ဟေအန်းလက်တွေက လွတ်မြောက်ခွင့် မပေးချေဘူး။

''' အကျွန့်ကို ခွင့်ပြုတော်မူပါ အရှင်မင်းမြတ် '''

တိုက်ခိုက်ရေးသမားများအားလုံး ဤထူးခြားဆန်းကြယ်ဖြစ်ရပ်၌ သက်ဝင်ငြိမ်သက်နေမိကြစဉ် ဧကရာဇ်တဖြစ်လဲ ဝမ်ဖေးရန်ရဲ့မြင်းလှည်းသမားက ဒူးထောက်တောင်းဆိုပြီး သွေးစွန်းနေတဲ့ ကြင်ယာတော်ရဲ့နှာထိပ်ဖျားနား လက်ဖြင့် ထိကပ်စမ်းသပ်လိုက်သည်။
သူ့ရဲ့ တင်စီးလွန်းတဲ့ အပြုအမူကြောင့် Jing သတ်ပစ်လိုက်ဖို့ လက်ရွယ်လိုက်သော်လည်း လျှောက်တင်လာတဲ့ စကားသံတို့ဟာ Jing ရဲ့ အသိဥာဏ်ကို နှိုးဆွပေးသလို ဖြစ်သွားသည်။

''' သခင်Lu အသက်ရှိနေဆဲပါ အရှင်
ရှောင်းလင်ဘုရားကျောင်းကိုပဲဖြစ်ဖြစ် ယန်ချန်းမြို့ကိုပဲဖြစ်ဖြစ် အရှင်သာ အလျင်အမြန်သွားနိုင်မယ်ဆိုရင် သခင်Lu အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ် '''

ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်လုံးမှာ ဘာလုပ်ရမှန်းမသိအောင် Jing စိတ်တွေထိန်းချုပ်မရတာ ကြောက်လန့်ပြီး ပျာယာခတ်နေတာ ဒါ ပထမဆုံးအကြိမ်ပဲ။
အသက်ကယ်ဆေးတချို့ကို သူ ကိုယ်နဲ့မကွာ ဆောင်ထားတတ်တာကိုလည်း Jing မေ့လျော့နေခဲ့သည်။

သူ့ရဲ့ ချစ်လှစွာသော ဤလူသားကို ကယ်တင်နိုင်သည်ဟု သိလိုက်သည်နှင့် Jing ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းက အလျင်စလို အလုပ်လုပ်တော့၏။

Lord*s Lovingly [ 花花遊龍 ] जहाँ कहानियाँ रहती हैं। अभी खोजें