🌠 🌠 🌠 🌠
လူတိုင်း အံ့ဩမှင်သက်စွာ ငေးစိုက်ကြည့်နေချိန်မှာ သူကတော့ မည်သူ့ကိုမှ ဂရုမထားဘဲ LuCang ဆီသို့ ဦးတည်လျှောက်လှမ်းလာသည်။
ထိုလူသားဟာ တနည်းအားဖြင့် ဝမ်ဖေးဖေးနှင့် မျက်နှာကျဆင်ကာ လှပချောမောပုံချင်းလည်း ဆင်တူသည်။
သူ့ရဲ့ ဂုဏ်သရေကြီးမြတ်လှတဲ့ အသွင်အပြင်ဟာ ဤနှယ် ကြမ်းတမ်းစိမ်းသက်နေတဲ့ တောသဘာဝမြေပြင်ပေါ် ရပ်နေဖို့တောင် မသင့်တော်လှဘူး။* ဝမ်ဖေးဖေး! မင်းက ကိုယ့်အဖေရှိတဲ့အဖွဲ့က ထွက်ပြေးသွားပြီး ဒီယောက်ျားအုပ်စုထဲ ဝင်နေဖို့တောင် သတ္တိတွေ ရှိနေတယ်ပေါ့..?
မင်း ဘယ်လောက်တောင် ဒုက္ခပေးသွားလဲ မင်း သိရဲ့လား!! မင်းကို စောင့်ရှောက်ဖို့သပ်သပ်ကို ငါက ခွိုက်ကျိနယ်က တကူးတက ထွက်လာခဲ့ရတယ်!
ဦးလေးရဲ့မျက်နှာ မရှိဘူးဆိုရင် ဒီလိုရယ်စရာကောင်းတဲ့ တောင်းဆိုမှုကို ငါ အချိန်ပေးပြီး နားထောင်ခဲ့မှာတောင်မဟုတ်ဘူး!! *ကြော့ရှင်းတင့်တယ်စွာ ကြွမြန်းလာတဲ့ ခြေလှမ်းများကို ရပ်တန့်လိုက်တာနဲ့ ထိုနတ်သားဟာ ဝမ်ဖေးဖေးရဲ့ ကျိုးကြောင်းမဆင်ခြင်တဲ့ အပြုအမူကို ဝေဖန်ဆူပူအပြစ်တင်တော့သည်။ သူ့ရဲ့ အသံဟာ အေးစက်ရင့်သီးခြင်းများနဲ့ ခံစားချက်ကင်းမဲ့ခြင်းတို့ လွှမ်းခြုံထားသော်လည်း နားထဲကို သာယာချိုကြည်စွာ စီးဝင်နေဆဲပင်ဖြစ်သည်။
* အစ်ကိုဖေးရန်...? *
သည်အာမည်နာမအား ကြားရသည့်အခါ ညဥ့်နတ်ဘုရားအဖွဲ့ဝင်အားလုံး အထူးသဖြင့် အဖွဲ့သားဟောင်းတွေ . . ထိတ်လန့်ခြင်းနဲ့တုန်ယင်လာကြပြီး အလျင်အမြန်ပဲ ဒူးထောက်ခစားကာ လေးစားစွာနှုတ်ဆက်ကြတော့၏။
ညဥ့်နတ်ဘုရားအဖွဲ့မှာတော့ သည်ဝမ်ဖေးရန်ရဲ့အမည်အား မသိသူမှာ အရူးပဲ ဖြစ်လိမ့်မည်။ သူကား ညဥ့်နတ်ဘုရားအဖွဲ့အကြီးအကဲတစ်ဦးဖြစ်ပြီး ခွိုက်ကျိနယ်အား ပိုင်စားသော ခေါင်းဆောင်ပါပင်။
သူဟာ ဘယ်တာဝန်ကိုမှ မကျရှုံးခဲ့ဖူးတဲ့ နာမည်ကောင်းနဲ့ကျော်ကြားသူ။
ပြီးတော့ အင်မတန် များပြားတဲ့ အခကြေးငွေနှင့် အန္တရာယ်များပါသည်ဆိုသော အခက်ခဲဆုံးတာဝန်ခရီးစဉ်များကိုသာ လက်ခံတတ်သူပင်ဖြစ်သည်။
သူက တော်ဝင်မျိုးနွယ်တွေနဲ့တောင် ပတ်သက်မှုရှိပြီး နန်းတော်ရဲ့ တချို့သော စီးပွားရေး၊ ဘဏ္ဍာရေးကိစ္စများကိုပါ တာဝန်ယူထားရသူဖြစ်သည်ဟု သတင်းသဲ့သဲ့ပိုင်ဆိုင်သေးသည်။
VOCÊ ESTÁ LENDO
Lord*s Lovingly [ 花花遊龍 ]
Ficção Histórica❣ 𝐻𝓊𝒶 𝐻𝓊𝒶 Y𝑜𝓊 𝐿𝑜𝓃𝑔 ပုံပြင်များထဲမှ တစ်ပုဒ် ✿ ✿ ✿ ငါ့လက္ထဲက လွတ်မြောက်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်တဲ့အရာ အစကတည်းက ဖြစ်နှင့်ခဲ့ပြီးသား . . . ငါ့လကျထဲက လွတ်မြောက်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်တဲ့အရာ အစကတည်းက ဖြစ်နှင့်ခဲ့ပြီးသား...