♥️ 17 ♥️

23K 2.2K 252
                                    

🍒🌳🍒🌷🍒🌻🍒🥀🍒

ဝမ်တောက်တဲ့နဲ့ရှောင်စန်းကို တည်းခိုဆောင်မှာ ချန်ထားခဲ့ကာ ကျိန်စာသင့်လေနက်ဓားအား ရှောင်းလင်သို့ပို့ဆောင်ရန် သိုင်းပညာမြင့်မားသည့် ကိုယ်ရံတော်အကြီးတန်းအနည်းငယ်နှင့်သာ ခရီးစခဲ့ကြသည်။
ကျဉ်းမြောင်းမတ်စောက်သည့် တောင်တက်လမ်းအား သုံးရမည်ဖြစ်သည့်အတွက် ရိက္ခာတင်လှည်းများနှင့်မြင်းများကို မယူဆောင်နိုင်။
သုံးရက်စာ ရိက္ခာကိုသာ အဖွဲ့သားများ မျှသယ်ပြီး လေနက်ဓားကိုတော့ ဤခရီးစဉ်၌ တာဝန်အရှိဆုံးဖြစ်သူ အဖွဲ့ခေါင်းဆောင် ယိုတောက်ကျင့်က ကိုင်ဆောင်ထိန်းသိမ်းသည်။

" ဟေရင်း! ငါနဲ့ဝေးဝေးရောက်မသွားစေနဲ့ "

စီးစီးပိုးပိုး ဆိုလာတဲ့ လူသားအား သူနဲ့နီးနီးကပ်ကပ်မနေဖို့ LuCang ပြောဆိုအော်ဟစ်ပစ်လိုသော်လည်း မလိုအပ်တဲ့ အာရုံစိုက်မှုမျိုး အဖွဲ့သားများထံမှ ရရှိလာမည်ဖြစ်သောကြောင့် ဝမ်ဖေးရန်အား ခက်ခက်ထန်ထန် အကြည့်တစ်ချက်သာ မကျေမချမ်း ပြုလိုက်နိုင်သည်။

ကောင်းသောအခြင်းအရာ မဟုတ်ပေမယ့် LuCang ထံမှ အသိအမှတ်ပြုခြင်းကို ရလိုက်သလိုဖြစ်သွားသော ဝမ်ဖေးရန်ကတော့ သဘောတော်ခွေ့စွာ ပြုံးကာ သူ့အနား ပို၍ပင် တိုးကပ်လာသေးသည်။
နက်မှောင်မှိုင်းဝေသောဝတ်ရုံအရောင်အသွေးများသည့်အုပ်စုထဲ. . . . ပြာလွင်သောအဆင်းနှင့် ဖြူစင်ရှင်းသန့်သောရောင်စဉ်နှစ်သွယ် ယှဉ်တွဲသွားနေသည်မှာ သီးသန့်ဖြစ်တည်မှုတစ်ခုလို။

ဓားကိုင်ထားသည့် ဘယ်ဘက်ခြမ်းမဟုတ်သည်ကို အခွင့်အရေးယူကာ လက်ဖျားအချင်းချင်း ထိခတ်ကလူကျီစယ်သယောင်ပင် ပြုမူလျက်။
လမ်းကျဉ်းသည်မို့ ထပ်၍ မရှောင်ရှားနိုင်တော့သော LuCang အား အနှောင့်အယှက်ပေးရသည်ကို ပျော်မွေ့နေသော လှပချောမောသည့်အပြင် ကလေးဆန်သည်ဟုဆိုနိုင်သော အနှီဝမ်ဖေးရန်အား LuCang လျစ်လျူရှုထားခြင်းသာ တတ်နိုင်လေ၏။
🧡 [Jing=ရှောင်းကျန့်, Lu=ဝမ်ရိပေါ်] 😅

မြင်းများ၊ လှည်းများ မြို့တွင်း၌ ထားရစ်ခဲ့ပေမယ့် ဝမ်ဖေးရန်ရဲ့ မြင်းလှည်းမောင်းသမားကတော့ တည်းခိုဆောင်မှာ ကျန်ခဲ့ရမည့်အစား သူတို့နှင့်အတူလိုက်ပါလာသည်က ထူးဆန်းသည်။
မျက်နှာကို သေချာကြည့်မည်ဆိုလျင်လည်း အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းအနည်းငယ်ရှိသည်မှအပ ချောမွေ့ညက်ညောတဲ့အသားအရည်ကို ပိုင်ဆိုင်ထားသည်က ထိုသူဟာ ဆင်းရဲသားလူအိုတစ်ဦးမဟုတ်ဟု သံသယဝင်စရာ။
သခင်ဖြစ်သော ဝမ်ဖေးရန်နှင့် အရပ်ချင်းတူသည့်အပြင် LuCang ထက်ပင် သန်စွမ်းကြံ့ခိုင်မည်ဟုထင်ရသည့် တောင့်တင်းသည့် ခန္ဓာကိုယ်ဟန်က သိုင်းပညာလေ့ကျင့်မှု အဆင့်မြင့်သည်ကို သိသာစေသည်။

Lord*s Lovingly [ 花花遊龍 ] Tahanan ng mga kuwento. Tumuklas ngayon