He or She (Z+U)

5.1K 153 6
                                    



" မြန်မြန်လာလေ !! Kit ကလည်း နှေးလိုက်တာ "

P'Singto နောက်က ဖြေးဖြေးချင်းလှမ်းပီး ခြေရာလေးတွေ
တထပ်တည်းကျအောင်လိုက်နင်းရင်း လျှောက်နေတဲ့သူ့ကို
လှည့်ကြည့်ပီးအော်နေတဲ့ ကိုယ်တော်ကြောင့် ခပ်ဖျော့ဖျော့အပြုံး
ပြုံးပြပီး အနားထိရောက်အောင် ပြေးသွားလိုက်တယ်။

" P' ? ကျနော်တို့ ဒီနေ့ကျောင်းကို ဘာလို့အစောကြီးသွားရတာလဲ ? "

ပြောရမယ်ဆို P'Sing က သူနဲ့တတန်းတည်း။
အသက်တနှစ်တည်းကွာတယ်ဆိုပေမယ့် သူ အသက်မပြည့်ခင်တည်းက P'Sing ကျောင်းတက်မယ်ဆိုတာကြားကတည်းက
ကျောင်းလိုက်တက်ခဲ့တာကိုး ...

P'Sing နဲ့ သူနဲ့က ဘေးချင်းကပ်ရပ် အိမ်နီးနားချင်းတွေ

ငယ်ငယ်လေးတည်းက " Kit " လို့ P'Sing ခေါ်တဲ့အသံကြားရင် သူ ငိုနေရက်နဲ့တောင် ပြုံးခဲ့တာ ..

" P'Sing က သားရဲ့ အစ်ကိုပဲပေါ့ "

အိမ်မှာရှိတဲ့ P'King နဲ့ Kat ကိုလည်း အဲ့လောက်မကပ်နိုင်ခဲ့တဲ့သူက P'Sing နားမှာ မနက်မိုးလင်းကနေ ညအိပ်ချိန်ထိ သူကပ်နေနိုင်တယ်။

" အမှန်က ငါ ... ဒီနေ့ ဒါလေးကို N'Lemon ကိုပေးချင်လို့ "

အသည်းပုံဘူးလေးထဲက ချော့ကလက်လေးတွေကို ထုတ်ပြလာရင်း P'Sing ရယ်နေတာကို သူ ငေးကြည့်နေလိုက်တယ်။

ငယ်ငယ်တုန်းက P'Sing နားကို Kat ကပ်ရင်တောင် သူ
မကြိုက်ခဲ့တာ .. ခု အသက် ၁၅ နှစ်အရွယ်မှာ P'Singနားမှာ
မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာကို သူမကြိုက်ပါဘူးလို့
ပေါ်တင်ပြောခွင့်မရှိဘူးမလား ?

_________________________________________

" Kit !! Mae ကို မင်းအိမ်မှာ ဒီည ငါအိပ်မယ်လို့ပြောပေးပါကွာ "

"တကယ်လား P' !? "

P'Sing ညလာအိပ်တိုင်း အရမ်းပျော်ရတာ သူပဲအသိ။
စာတူတူလုပ် ထမင်းတူတူစား ပီးတော့ ညဘက် မီးအမှောင်ချပီး သန်းခေါင်ကျော်တဲ့အထိ ဂိမ်းတူတူခိုးကစားကြ :) အိပ်ရာသေးသေး
လေးထဲမှာ P' နားကပ်အိပ်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ

" ... အဲ့လောက်ပျော်မနေနဲ့ဦး။ ငါ ဒီည N'Lemon အိမ်မှာ
သွားအိပ်ဖြစ်မှာ "

Short Stories of Peraya And KongArthitWhere stories live. Discover now