ကျွန်တော့်နာမည်မင်းထက်သာ သာသာလို့ပဲခေါ်ကြတယ်။
နာမည်လိုပါပဲ အမြဲတမ်းသူများထက်သာတယ်။
စာလည်းတော်ပါတယ်။အမြဲတမ်းတစ်ပဲ နောက်ဆုံးကရေရင်😌။
Ommaကအမြဲပြောတယ် နင်ကကြီးလေကြီးလေချဉ်လေ
သံပုရာသီးမျိုးတဲ့လေ။
အဲ့လိုပြောလို့သာသာ့ကိုချဉ်မသွားနဲ့နော်။
သာသာက ချစ်ဖို့ကောင်းတယ် ဟီးဟီး။တစ်ခုပြောပြစရာရှိတယ်။
သာသာကလေ ရှူးတိုးတိုး ဘယ်သူ့မှပြန်မပြောနဲ့ ဟိ
အရှေ့လမ်းကhyungကိုကြိတ်ကြွေနေတာ ခ်ခ်။
hyungကိုတွေ့ချင်လို့ ကျောင်းသွားရင် hyungရဲ့အိမ်ရှေ့က
အမြဲဖြတ်သွားတာ ကျောင်းကတည့်တည့်သွားရင်လည်း
ရောက်တယ်။ hyungရဲ့လမ်းကနေဖြတ်လည်းရောက်တယ် ဟိ။
ဘယ်လိုသွားသွားရောက်တယ်။ ဒါပေမဲ့ အချစ်ရှိရာကနေ
ခြေထောက်အညောင်းခံပြီးဖြတ်တယ် တွေ့ချင်လို့ ခ်ခ်။"ဟဲ့ မင်းထက်သာ နင်မလာသေးဘူးလား ဟင်
သွားမယ့်လူတွေကစောင့်နေတယ် ဘယ်အခွက်ကိုသနေတာလဲ
ဘယ်လောက်ပြင်ပြင်နင်ဒီအခွက်ကဒီအခွက်ပဲ မြန်မြန်လာခဲ့
နောက်ကျတော့မယ်"အခုအသံက ommaရဲ့အသံ။အခု လမ်းထိပ်ကအသိအစ်မ
တစ်ယောက်ရဲ့မင်္ဂလာဆောင်ကိုသွားမလို့။သာသာကချောမော
နေအောင်ပြင်ရသေးတယ်ဗျ။
အဲ့ပွဲကိုhyungလည်းလာမှာတဲ့ ဟိ။တွေးရင်းတောင်ရင်ခုန်ရတယ်။"လာပြီomma"
အပေါ်ထပ်ကနေတဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ပြေးဆင်းလာသည့်
သာသာ့ကိုommaမျက်စောင်းတစ်ချက်နဲ့ကြိုဆိုလိုက်သည်။"အိစ် ommaကလည်း သာသာမေ့သွားလို့ပါ နောက်ဆိုဖြေးဖြေးလေးနင်းမယ်နော် ခြေသံမကြားအောင်နင်း
မယ် ဟိ""တဖြီးဖြီးလုပ်မနေနဲ့ ဘာ့ကြောင့်မင်္ဂလာဆောင်လိုက်ချင်ရ
တာလဲ ပြောစမ်းပါဦး ဘယ်ကောင်မလေးကိုကြောင်မလို့လဲ"ကောင်မလေးမဟုတ်ဘူး။ကောင်လေး ကောင်လေး။
"ဒီလိုပါပဲommaရယ် သာသာကလေ့လာမလို့ပါ အနာဂတ်
အတွက်😌""အမယ်လေး နင့်ရုပ်ကမိန်းမရမယ့်ပုံလည်းမပေါ်ပါဘူးဟယ်
မျောက်လောင်းကိုဘယ်မိန်းမကမှမယူဘူး ငါတောင်ယောင်ယမ်းပြီးနင့်ကိုမွေးမိတာ"
YOU ARE READING
Oh! My Crush😍
Romance[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.2019 [Zawgyi]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံး...