မင်းထက်သာ စိတ်ကူးပေါက်ပြီး အိမ်သန့်ရှင်းရေးတွေတစ်ခု
ပြီးတစ်ခုလုပ်နေလို့ ခန့်ထည်အရမ်းအံ့ဩနေရသည် ။ အံ့ဩ
လွန်းလို့ ခန့်ထည်ပါးစပ်တေင်မပိတ်နိုင်ဖြစ်နေရသည် ။ တစ်ခါ
မှဒီလိုတွေမလုပ်ဖူးပါဘူး ။ ခန့်ထည် ထီသွားထိုးဖို့အတွက် အခန်းထဲကပိုက်ဆံအိတ်သွားယူပြီး ခါးကြားထိုးကာထွက်လာ
သည် ။"အကို အဲ့တာဘယ်သွားမလို့လဲ"
"ထီသွားထိုးမလို့"
"ဘာဗျ !!!! ကိုခန့်ထည်ဝါ ကူလုပ်မယ်တော့မရှိဘူး ၊ စဖို့နောက်
ဖို့တော့သတိရတယ်ပေါ့ ၊ ဒေါသထွက်တယ် ဒေါသထွက်တယ်"ခန့်ထည်တဟားဟားနဲ့အော်ရယ်မိပါသည် ။ စိတ်ဆိုးနေတဲ့ပုံ
လေးကတကယ်ကိုချစ်စရာလေး ။ မျက်စောင်းထိုးပြီး အံကို
ကြိတ်ကာ ခန့်ထည်ဘက်ကိုလှည့်ကြည့်လာပါသည် ။"အကိုနော် အခုကူလုပ်ပေး မလုပ်ပေးရင် ပုဆိုးဆွဲချွတ်မှာ"
"ဟာကွာ မနက်စောစောစီးစီး မလုပ်ကောင်းပါဘူး ၊ ညမှကိုယ်
ချွတ်ပေးမယ်""ခန့်ထည်ဝါ !!!! ခင်ဗျားကြီး ဘာစကားတွေပြောနေတာလဲ"
သာသာ ခန့်ထည်ကိုလက်ထဲကကြက်မွှေးနဲ့လိုက်ရိုက်ပါတော့
သည် ။ ခန့်ထည်ပြောတာရိုးရိုးသားသားလေးကို သာသာက
ဘာတွေတွေးလိုက်လို့ ဒီလောက်ထိလိုက်ရိုက်နေပါလိမ့် ။"သာသာ နေဦး ၊ ကိုယ်ပြောတာက ညရောက်ရင် ညအိပ်ဝတ်စုံ
လဲရတယ်လေ ၊ အဲ့တော့ ပုဆိုးချွတ်ရမယ်လေ ၊ ဟားဟား ဘာ
တွေတွေးနေတာလဲ"သာသာ့ရဲ့လက်နှစ်ဖက်ကိုအတင်းချုပ်ပြီး သူပြောချင်တဲ့ သဘောကိုမြန်မြန်ပြောပြရသည် ။ ဒါတောင် ခြေထောက်ကို
တစ်ချက်အရိုက်ခံလိုက်ရသေးသည် ။ ခန့်ထည်ကမနာပေမဲ့ နာချင်ယောင်ဟန်ဆောင်ပြီး မျက်နှာငယ်လေးနဲ့လုပ်ပြတော့ သာသာ နည်းနည်းစိတ်မကောင်းဖြစ်သွားသည် ။"အဲ့တာကြောင့်ပြောတာပေါ့ မစပါနဲ့ဆိုတာကို ၊ အရမ်းနာသွား
လား"အနားကပ်လာပြီး ခြေထောက်ကိုကြည့်ပေးမယ်လုပ်တဲ့သာသာ
ကို ဆွဲဖက်လိုက်ပြီး မျက်နှာတစ်ခုလုံးအနှံ့နမ်းပစ်လိုက်သည် ။
သာသာ ခန့်ထည်ကိုတစ်ခွန်းတည်းပဲပြောလိုက်ပါသည် ။
YOU ARE READING
Oh! My Crush😍
Romance[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.2019 [Zawgyi]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံး...