"ကိုယ့်ရဲ့ကလေးလေး ထတော့လေ ဒီနေ့ကိုယ်တို့ရဲ့နေ့လေး
လေ မေ့နေတာလား"မနက်အစောကြီးထပြီး အိပ်ရာပေါ်မှာကန်လန့်ကြီးအိပ်နေတဲ့ သူ့ရဲ့ကလေးငယ်ကို ဆွဲထူပြီး သူ့ရဲ့ရင်ခွင်ထဲမှာပွေ့ထားလိုက်
သည် ။ ဒါတောင်ထိုကလေးငယ်မနိုးပါ ။ ညတုန်းကပျော်ပြီး အိပ်မပျော်လို့များလားပေါ့ဆိုပြီး သူတွေးမိသေးပါသည် ။"အင့်"
သူကအသည်းယားပြီးဖြစ်ညှစ်လိုက်တော့ ရင်ခွင်ထဲကနေ အင့်ခနဲ အသံလေးထွက်လာပါသည် ။ ဆိုတော့က မျှော်လင့် ချက်ရှိသေးတာပေါ့နော် ။ ဆက်နှိုးရတာပေါ့ ။
"ဝက်လေး ထတော့လို့ ရေချိုးပြီးပြင်ဆင်ကြရအောင်လေ ဘုန်းဘုန်းတွေကြွလာရင်ကိုယ်တို့က ကတိုက်ကရိုက်ဖြစ်နေလို့ ဘယ်ကောင်းမလဲ"
"ဟင့် အိပ်ချင်သေးတယ် အကိုကလည်း"
ဟော လက်ကလေးတွေကခါးကိုဖက်လာပြီ ။ ရင်ခွင်ထဲအတင်းတိုးပြီး ချွဲနေပြန်ပါရောလား ။
"ထပါကလေးရဲ့ အိပ်ချင်ရင် ဘုန်းဘုန်းတွေပြန်ကြွသွားရင် ခဏအိပ်လေ နော် လိမ္မာတယ်မလားကလေးက"
"အင်း ထပြီ အကိုရောရေချိုးပြီးပြီလား"
"မချိုးရသေးဘူး ကလေးပြီးမှချိုးမလို့ ထတော့ တော်ကြာ ဖေဖေတို့မေမေတို့ရောက်လာကြတော့မယ်လေ"
ပွဲမတိုင်ခင်ညကတည်းက နှစ်ဖက်မိဘလက်ဖွဲ့တဲ့တိုက်ခန်း လေးမှာလာနေဖြစ်တယ် ။ ဩော် မနက်ဖြန်ဆိုဒီကလေးလေး ကိုသူတကယ်ပိုင်ဆိုင်ရပြီဆိုတာကိုတွေးရင်း ခဏ ခဏပြုံးမိ နေသေးတယ် ။
"အဲ့တာဆို သာသာအရင်ချိုးလိုက်မယ်"
ရင်ခွင်ထဲကနေထွက်မလာသေးဘဲ စကားသာပြန်ပြောနေတဲ့ သူ့ကလေးရယ်ပါ ။ ဘယ်လိုလေးလဲမသိဘူး ။ သူအသည်းတွေယားလာပြန်ပါပြီ ။ သူအသည်းယားတိုင်း ခံရတဲ့သူလေးက ရင်ခွင်ထဲကအကောင်ပေါက်လေးပေါ့ ။ ဒီလောက်ဖြစ်ညှစ်နေတာတောင် ဘယ်လိုသည်းခံပြီးနေပါလိမ့် ။
"အကို သာသာနာလာပြီဗျ အရမ်းမဖက်နဲ့လေ ဟင့်"
"အဲ့တာဆိုထတော့လေ သွားရေသွားချိုး"
YOU ARE READING
Oh! My Crush😍
Romance[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.2019 [Zawgyi]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံး...