"အကို!"
ရုံးထဲကထွက်လာတဲ့ခန့်ထည်က သာသာ့ကိုပြုံးပြပြီး သာသာ့ဆီ
လျှောက်လာသည်။"ဘာလို့လာတာလဲ ကိုယ်ကမလာပါနဲ့ပြောထားတာကို"
"အကိုကလည်းသင်တန်းနဲ့နီးနီးလေးကို အပြန်အတူပြန်ချင်လို့"
"ဟုတ်ပါပြီဗျာ မပြောတော့ပါဘူး အရှုံးပေးပါတယ်"
"ဒါဆို ဟိုးဘက်မှတ်တိုင်ထိလမ်းလျှောက်မယ် အကိုနဲ့ညနေဘက်အတူလမ်းလျှောက်ချင်လို့"
"အင်း လျှောက်ကြတာပေါ့"
နှစ်ယောက်သားလက်လေးတွဲပြီးကားလမ်းမကြီးရဲ့ဘေးကနေ
လျှောက်လာကြသည်။"အကို မနှစ်ကဒီအချိန်အကိုနဲ့သာသာရန်ဖြစ်တာမှတ်မိသေး
လား""အင်း မှတ်မိတယ်"
"အဲ့တုန်းကလေ သာသာတကယ်ကြောက်သွားတာ တကယ်ပဲ
လမ်းခွဲရတော့မှာလား တကယ်ပဲပြီးသွားပြီလားဆိုတာကိုတွေး
မိတိုင်း သာသာကအကို့ကိုပဲဆိုးချင်တာပါ ဒါပေမဲ့လွန်သွားတယ်
လို့မထင်ခဲ့မိဘူး""ကိုယ်ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူးကလေးရယ်"
"ရပါတယ် အကိုသာသာ့ကိုချစ်တယ်ဆိုရင်ရပြီ သာသာပျော်
တယ်""ချစ်ဖို့ကောင်းအောင်အရမ်းမလုပ်နဲ့ တခြားသူတွေကြွေကုန်
မယ်""ဒါကတော့ မွေးရာပါဆိုတော့ မတတ်နိုင်ဘူးရယ်😝"
"ဒီကလေးတော့နော်"
"ဟားးးးအကို လေယာဉ်လက်မှတ်ဝယ်ပြီးပြီလား"
"အင်း ဝယ်ပြီးပြီ လွမ်းနေရတော့မှာပဲကလေးရယ်"
"လွမ်းတာတော့လွမ်းတာပေါ့ ဒါပေမဲ့လည်းအကိုကမသွားလို့
မှမဖြစ်တာ အကို့မိဘတွေဆီသွားတာပဲ Video callခေါ်လို့
ရတယ်လေ လိုင်းပေါ်မှာလည်းစကားပြောလို့ရတယ်လေ"ခန့်ထည်ပြုံးမိပါသည်။အရင်ကလိုကလေးမဆန်တော့ဘဲ တည်
တည်ငြိမ်ငြိမ်နဲ့နားလည်မှုတွေအပြည့်ယုံကြည်မှုအပြည့်ရှိလာ
တဲ့သူ့ရဲ့ကလေးလေးကြောင့်ပေါ့။"အကို ဘာတွေပြုံးနေတာလဲ သာသာပြောတာရယ်စရာပါလို့
လား""မပါပါဘူး သဘောကျမိလို့ပါ ဒီအတိုင်း ....... ကားလာပြီ သွားကြမယ်"
YOU ARE READING
Oh! My Crush😍
Romance[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.2019 [Zawgyi]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံး...