Crush 14😍

9K 721 72
                                    

အိမ်ရှေ့၌လက်ဆောင်ခြင်းကြီးဆွဲကာကားပေါ်မှဆင်းလာ
သည့် ခေတ်ဆန်ဆန်မိန်းကလေးတစ်ယောက်ကို ဒေါ်သရဖီ
ကြည့်နေစဉ် ထိုမိန်းကလေးကလည်း ဒေါ်သရဖီ့ကိုလှမ်းကြည့်
လာကာ ခြံထဲသို့ဝင်လာတော့ ဒေါ်သရဖီ အိမ်ရှေ့သို့ထွက်လိုက်
သည်။

"သမီးကဘယ်သူလဲကွယ့်"

"မင်္ဂလာပါအန်တီ တွေ့ရတာဝမ်းသာပါတယ် သမီးနာမည်က
ယမင်းလို့ခေါ်ပါတယ်"

"ဘယ်သူနဲ့တွေ့ချင်လို့လဲသမီး"

"သမီးက ဦးမင်းမျိုးအောင်ရဲ့သမီးပါအန်တီ ဒီအိမ်က ဦးစိုးထက်သာတို့အိမ်ဟုတ်လားမသိဘူး"

"ဟုတ်ပါတယ် လာ အထဲဝင်သမီး"

ယမင်းကိုအိမ်ထဲခေါ်ကာ မျက်နှာချင်းဆိုင်နေရာယူထိုင်လိုက်
ကြပြီး ဒေါ်သရဖီကစကားစသည်။

"သမီးက အန်တီ့ယောကျာ်းကိုတွေ့ချင်တာလား"

"ဒီအိမ်ကမိသားစုနဲ့တွေ့ဖို့လာတာပါအန်တီ ဖေဖေကလွှတ်လိုက်တာပါ သမီးကိုဒီအိမ်ကသားဖြစ်သူနဲ့စေ့စပ်
ကြောင်းလမ်းဖို့အတွက်ပြောထားတယ်ဆိုလို့ပါ"

"ဘယ်လို စေ့စပ်ဖို့ ဒါဆိုသမီးက ......"

"ဟုတ်ပါတယ်အန်တီ သမီးကစေ့စပ်ဖို့သဘောတူထားတဲ့သူပါ"

"ဩော် အေးအေး အနိတီမသိလိုက်လို့ပါ ခဏလေးနော် ဦးလေးကအပေါ်မှာဘုရားရှိခိုးနေလို့ပါ"

"ဟုတ်ကဲ့အန်တီ ဒါလေး ......."

ယမင်းက လက်ဆောင်ခြင်းကိုမပြီး အန်တီ့ဆီကိုပေးလိုက်
သည်။

"ကျေးဇူးပါသမီး ခဏထိုင်ဦးနော် သမီးအအေးသောက်လား"

"ရတယ်အန်တီ ဘာမှမလုပ်ပါနဲ့တော့ ပြီးရင် အလုပ်သွားရမှာမို့လို့ပါ"

"မဟုတ်တာသမီးရယ် ကော်ဖီလေးတော့သောက်သွားနော်"

"ဟုတ်ကဲ့အန်တီ'

ဦးစိုးထက်သာသည် အိမ်ပေါ်ထပ်မှဆင်းလာတော့ ဒေါ်သရဖီက မျက်စောင်းကြီးနဲ့လှမ်းကြည့်လိုက်သည်။ဦးစိုးထက်သာ ကျော ချမ်းသွားတာတော့အမှန်ပင်ဖြစ်သည်။

"ဩော် သမီး ရောက်နေပြီလား အားနာလိုက်တာကွယ် ဦးကဘုရားရှိခိုးနေတာကြာသွားတယ်"

Oh! My Crush😍Where stories live. Discover now