သူ့အရှေ့မှာ ဇီးထုပ်ကိုတရှူးရှူးတရှဲရှဲနဲ့နှုတ်ခမ်းလေးထော်
ထော်ပြီးအစပ်ခံစားလိုက် ....ပေါက်ပေါက်ဆုပ်တွေပါးစပ်ထဲ ပစ်ထည့်လိုက်နဲ့ လုပ်ချင်တိုင်းလုပ်နေတဲ့ ပေါက်စကိုသူဒီအတိုင်း
ဆက်ပြီးထိုင်မကြည့်နိုင်တော့ဘူး .....လက်ထဲကဇီးထုပ်ကို ဆွဲယူပြီးသိမ်းပစ်လိုက်တော့ ဘာလုပ်တာလဲဆိုတဲ့အကြည့်က ကိုယ့်ဆီတည့်တည်းဒိုင်းခနဲ ဆိုက်ရောက်လာပါလေရော.....
အဲ့တော့ ဖြေရှင်းချက်ပေးရပေတော့မည်....
"ကလေးကအစပ်တွေပဲစားနေလို့ပါ ပေါက်ပေါက်ပဲစားနော် ဒါက နောက်မှစား ...."
အစပ်ကစားလွန်းလို့ နှုတ်ခမ်းလေးကဖြင့်နီရဲနေပြီ ဆက်စားချင်
နေသေးတယ် ဒါတော့အလိုမလိုက်နိုင်ဘူး ......"ကိုကိုကလည်း ကလေးကစားချင်လို့ပါဆို ပေးပါနော် ဒီတစ်ခါစားပြီးရင်လေ နောက်ဘယ်အခါမှမစားတော့ပါဘူး နော်"
အခုစကားပြောလိုက်တာသာသာမှဟုတ်ရဲ့လားလို့တောင်တွေးမိတယ် ......
လူစားများအထိုးခံလိုက်ရတာလား.....နေများမကောင်းတာ
လား ......ကိုယ်ပဲနားကြားမှာလားတာလား .....ကိုယ့်နားကို
တောင်မယုံနိုင်ဘူး ....ဘာတဲ့ ကိုကို ....ကလေး......တဲ့ ဘုရားရေ😐အဲ အဲ ......စဉ်းစားတွေးတောခန်းဖွင့်နေချိန် လက်ထဲကဇီးထုပ်ကကသူ့လက်ထဲပြန်ရောက်သွားပြီ သောက်ကလေး တော်တော်လည်တဲ့ဟာလေး ......
"hyung ဘာတွေတွေးနေတာလဲ ကြည့်လေ ဇာတ်လမ်းက
ကောင်းနေပြီ""ဩော် အမ် အင်းအင်း ...."
အဟင်း သိသားပဲ ဒီလူကြီး ကိုယ့်ကိုပစ်ကြွေသွားပြန်ပြီဆိုတာ
သာသာပါ မပိုင်ရင်ဘာမှမလုပ်ဘူး အဟင်း အခုတော့ဇာတ်လမ်းဆက်ကြည့်လိုက်ဦးမယ် ......ဘယ်ကအသံလဲ?တအင်းအင်းနဲ့ .... မစပ်စုရရင်လည်း
မနေနိုင်ဘူး ဟိုကြည့် ဒီကြည့် နည်းနည်းရှိုးလိုက်တော့ ဟော
တရားခံတွေ့ပြီ .....အမယ်လေး အမယ်လေး ပန်းခြံထဲရောက်နေတယ်များထင်နေ
လားမသိ မိုးလုံလေလုံ အဲလေ မှားကုန်ပြီ မိုးမမြင်လေမမြင် နမ်းပြီးfeelနေကြတာ မြင်ရတဲ့သူတောင်ရှက်လာတယ် .....
YOU ARE READING
Oh! My Crush😍
Romance[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.2019 [Zawgyi]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံး...