"အကိုရေ ကျွန်တော်မရတော့ဘူး အီးဟီး စာတွေမေ့ကုန်ပြီ"
"စိတ်ကိုအေးအေးလေးထားလေ နော် မရတာမဟုတ်ဘူး ရတယ် စိတ်လှုပ်ရှားနေလို့ပါ စာမေးပွဲခန်းထဲရောက်ရင် အကုန်အဆင်ပြေမှာ ဟုတ်ပြီလား"
"အွန်း အဆင်ပြေမှာ အဆင်ပြေမှာ ဘုရား ဘုရား ......"
သူ့ရင်ဘက်ကလေးသူဖိပြီးဘုရားကတရသေးသည် ။
"အကို အပြန်လာကြိုမှာလားဟင်"
"အပြန်က ....... မသိသေးဘူးကလေးရယ် အစည်းအဝေးများ
ရှိမလားမသိဘူး ကိုယ်တို့ဘောစိက လုပ်ချင်ရင်ထလုပ်ရော""အဲ့လိုလား အင်းပါ ရပါတယ် သာသာတစ်ယောက်တည်း ပြန်လိုက်မယ် အကိုFighting"
"အင်းပါဗျာ ကလေးလည်းFighting"
"အွန်း အကိုသွားတော့လေ နောက်ကျနေရင်ထောင်းနေဦး
မယ်""အင်းပါ ဒါဆိုအကိုသွားမယ် ဖြေနိုင်ပါစေသာသာ"
"ဟုတ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ"
ကားဂိတ်တင်ပဲလမ်းခွဲခဲ့ကြပြီး ကိုယ်စီထွက်လာခဲ့ကြသည် ။
သာသာကတော့ စာမေးပွဲအတွက် ရင်ခုန်ရင်း ကားစီးလာခဲ့
ရသည် ။ သူကျက်ထားတာတွေပဲပါဖို့ကိုလည်း ဆုတောင်းရ သေးသည် ။ ပါးစပ်ကလည်းပွစိပွစိနဲ့ ဘာတွေရွတ်လို့ရွတ်နေ မှန်းမသိ ။ ဘာလိုလိုနဲ့ ကျောင်းရောက်လာတာတောင် သူသတိမထားမိ ။ မှတ်တိုင်ကကျော်ပါသွားလို့လည်း နောက်ပြန်လျှောက်ခဲ့ရသေးတယ် ။ စာရွက်ကလေးကိုင်ပြီး စာပြန်နွေးရင်း လက်တွေကတုန်လာသေးတယ် ။"စိတ်အေးအေးထားမင်းထက်သာ ဘွဲ့ရတော့မှာ ဘွဲ့ရမှာ ဘွဲ့ယူရမှာ ဘွဲ့ ငါ့ဘွဲ့ ငါ့ဘွဲ့ ......"
ထို ငါ့ဘွဲ့ ဆိုသော စကားလုံးသည် စာတွေထဲတွင်ပါ ရောဆိုမိ
နေတော့သည် ။အခန်းထဲဝင်တော့လည်း အခန်းဘောင်ကိုခလုတ်တိုက်မိပြီး အခန်းစောင့် ဆရာမကိုသွားဖက်မိသေးသည် ။
"ဟဲ့ ဩော် ဒီကလေးနဲ့တော့လေ ပြာပြာ ပြာပြာနဲ့ သွား ဝင်တော့"
"ဟုတ်ကဲ့ ကန်တော့နော် ဆရာမ ကန်တော့ ကန်တော့ 😁"
လွယ်အိတ်ကို အရှေ့မှာမထားခဲ့ဘဲ ခပ်တည်တည်နဲ့ နေရာတွင်ဝင်ထိုင်နေသေးသည် ။
YOU ARE READING
Oh! My Crush😍
Romance[Unicode]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံးသည် ဝင့်လွှာ၏စိတ်ကူးသပ်သပ်သာဖြစ်သည်။ Date - 12.2.2019 [Zawgyi]Hyungကသာသာ့အပိုင် ဘယ်သူ့ကိုမှမပေးဘူး😘 ဤဇာတ်လမ်းထဲ၌ပါဝင်သောနေရာဒေ အကြောင်းအရာ များအားလုံး...