Crush 17😍

7.5K 633 17
                                    

သာသာတစ်ယောက် ခန့်ထည်ရဲ့ရုံးရှေ့တွင် နံရံကိုမှီကာ
မတ်တပ်ရပ်စောင့်နေသည်။

ခန့်ထည်ကဖြူနဲ့ပြုံးပျော်ရွှင်စွာ စကားပြောလျက်ထွက်လာသည်။

"အကို!"

သာသာတက္ကသိုလ်စတက်ကတည်းက အနည်းငယ်တည်ငြိမ်
လာသည်။လူကြီးဆန်လာသည်။ဘယ်အချိန်ကတည်းကလဲဆို
တော့ ခန့်ထည်နဲ့အကြီးအကျယ်ပြဿနာတက်ပြီးကတည်းက
ပေါ့။

ကဲ ဒါဆို ခန့်ထည်နဲ့ဘာတွေဖြစ်ခဲ့ကြတာလဲ သိချင်နေကြပြီလား။ပြောပြမှာပေါ့။အတိတ်ကိုခဏလေးပြန်
သွားကြလိုက်ရအောင်။

"မင်းကငါ့ကိုမယုံတာလား"

"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး အဲ့မိန်းမကဘယ်လိုအကြံနဲ့အနားကပ်နေလဲဆိုတာသိမှမသိနိုင်တာ"

"မင်းထက်သာ မင်းလွန်နေပြီနော် တစ်ဖက်သားကိုအဲ့လိုမပြောနဲ့ မင်းအရမ်းကလေးဆန်လွန်းနေတယ်ဆိုတာသိရဲ့လား"

"ဆန်မှာပဲဗျာ Hyungအဲ့လိုမျက်စိနဲ့တပ်အပ်မြင်ထားရတာတောင်ငြင်းချင်
နေတာလား သူ့ဘက်ကပါနေတာလား အဲ့လိုလုပ်နေတာတွေသာသာမှမကြိုက်တာ"

"မဟုတ်သေးဘူးလေကွာ ကိုယ်ကကူညီပေးတာလို့ပြောပြီးပြီလေ ဖုန်းမကိုင်နိုင်တာကလည်း အိတ်ကကိုယ်နဲ့အဝေးရောက်နေလို့ အီစီကလီလုပ်နေတာမှမဟုတ်တာ ဒါကိုမင်းကနားလည်ပေး
ရမှာပေါ့ မင်းအဲ့လိုလုပ်နေရင် မင်းနဲ့ငါဘယ်လိုရှေ့ဆက်ရ
တော့မှာလဲ ပြန်စဉ်းစားသင့်ပြီထင်တယ်"

"ပြန်စဉ်းစားမယ် ဘာကိုလဲ ဘာကိုပြန်စဉ်းစားမှာလဲ"

"ငါတို့နှစ်ယောက်ရဲ့ပက်သက်မှုကိုပေါ့ မင်းရဲ့ကလေးဆန်မှု
တွေကြောင့်ရှေ့ဆက်ဖို့ပြန်စဉ်းစားသင့်ပြီ"

"Hyung!!!ဘာလဲ လမ်းခွဲချင်တာလား ရတယ် ခွဲမယ် တခြား
တစ်ယောက်နဲ့ပျော်ချင်မှတော့ခွဲပေါ့ ဟက် ယောကျာ်းလေးနှစ်
ယောက်ကပြတ်ဖို့လွယ်ပါတယ် အစကတည်းကမဖြစ်နိုင်ဖို့များ
နေတာပဲဟာကို"

"ဟက် ကောင်းတယ် ကောင်းတယ် ခွဲကြတာပေါ့ ဘာမဟုတ်တဲ့
ကိစ္စလေးကိုပုံကြီးချဲ့နေတဲ့မင်းလိုလူမျိုးနဲ့ငါလည်းရှေ့မဆက်
နိုင်ဘူး ဒီမှာပဲအဆုံးသတ်ကြတာပေါ့"

Oh! My Crush😍Donde viven las historias. Descúbrelo ahora