#Zawgyi
" တော်တော့ Hoseok "
ခပ်စပ်စပ်ထွက်ပေါ်လာတဲ့ သူ့အသံကြောင့် ဆိုင်ထဲရှိ လူတချို့တလေလှည့်ကြည့်လာကြသည်။
ဘေးပတ်ဝန်းကျင်ကို အမြဲသတိထားတဲ့ကိုယ်က မနေနိုင်စွာ ရှေ့က လူသားကိုစိတ်ပျက်မိသည်။" တိုးတိုးပြောလို့မရဘူးလား ဒီမှာလူတွေအများကြီး ကုနြေ္ဒသိက္ခာလေးဆည်ပါဦး "
ရှက်စိတ်ကြောင့် ခေါင်းအနည်းငုံ့လိုက်ကာ သူများသတိမထားစေအောင် အံကြိတ်သံ တိုးတိုးနဲ့ပြန်ပြောလိုက်သည်။ဒါပေမဲ့ အရှေ့ကလူသားကတော့ ဂရုစိုက်မည့်အနေအထားလုံးဝမရှိပေ..
ဒီcafeဆိုင်ထဲ မျက်နှာချင်းဆိုင်စထိုင်ကတည်း က ဖြစ်နေသည့် သူ့ဒေါသထွက်တဲ့မျက်နှာ လုံးဝ မလျော့သွားဘူး ။" မလုပ်နိုင်ဘူး
ရှက်တက်နေရင်လဲ
မင်းအစကတည်းက ဒီကိစ္စဆွေးနွေးမယ်ဆို ဒီဆိုင်ကိုမရွေးသင့်ဘူး
ကိုယ်လုပ်ထားတဲ့ ယုတ်မာကောက်ကျစ်တဲ့ ကိစ္စကိုတော့ မရှက်ပဲ ငါ့အော်သံကျတော့ ရှက်တက်တယ်ပေါ့ ဟတ် .."*ယုတ်မာကောက်ကျစ်တဲ့ကိစ္စ..
*ရှက်သင့်တယ်..ကြားလိုက်တဲ့ စကားလုံးတွေကြောင့် အေးစက်တောင့်တင်းသွားခဲ့သည်။
ထိုစကားလုံးတွေထက် စိတ်ထဲနာမိတာက
အရှေ့ကလူသားရဲ့ နှုတ်မှထွက်လာတာကိုပဲ
သူမို့လို့...သူကဘယ်သူမို့လို့..ဒီလိုပြောရဲတာလဲ" Kim Taehyung "
" ဘာလဲ
မင်း စာနာတက်ရင် အခုကိစ္စကို ရှူံးအောင်လုပ် လိုက်ပါ
ဒါ ငါမင်းကို နောက်ဆုံး သတိပေးတာ "ဘာလို့များ..သူဘာလို့..ဒီလိုလေသံနဲ့ ပြောနိုင် ရတာလဲ ။
သူပြောင်းလဲသွားပြီ..
အရင်ကလို ဒီJung Hoseokရဲ့ ဆန္ဒသဘောထားတွေကို လိုက်လျောပေးတဲ့သူမဟုတ်တော့ဘူး..
အရင်ကလို ဒီJung Hoseokကိုမှ အကြင်နာစကားတွေနဲ့ ဖွဲ့သီနှောင်ဖွဲ့နေတက်တဲ့သူ မဟုတ်တော့ဘူး..
အရင်ကလို ဒီJung hoseokကိုမှ ချစ်ခြင်းကြင်နာခြင်းတွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ငေးစိုက် ကြည့်နေတက်သူ မဟုတ်တော့ဘူး..