#Zawgyi
" ... "
" Omo!! ... မင်း...မင်း...
ရူးနေလား... ''Shin HayYeon မျက်နှာပေါ် အပက်ခံလိုက်ရတဲ့ ရေတွေရွှဲလဲနဲ့ ဒေါသတကြီး နီရဲနေတဲ့မျက်လုံးများနဲ့ Hoseokကို့ မော့ကြည့်နေသည်။
'' နောက်တခါ ဝင်ပါခဲ့ရင် ဘာမှမဟုတ်တဲ့ ရေလေးနဲ့ ထပ်လုပ် မှာမဟုတ်ဘူး... ''
အေးစက်သော လေသံသွေးလေးနှင့် Shin Hay Yeon အနားကပ်လာကာ...
'' နောက်တခါဆို ဒီဓားလေးကပဲ ဒီလည်ပင်းပေါ်ကို ရောက်လာလိမ့် မယ်... ''
'' မင်း...မင်း... ''
သူမ Hoseokရဲ့စကားနှင့်အတူ သူမလည်ပင်းပေါ် မထိတထိ ထောက်ထားတဲ့ ဓားကို ကြည့်ပြီး
ကြောက်လန့်သွားတော့သည်။လုပ်တုန်းကလုပ်ပြီး ဓားထောက်ခြိမ်းခြောက်ကာမှ ကြောက်ရွံ့တုန်လှုပ်ပြနေတဲ့ သူုမလို
မျိုး သူရဲဘောကြောင်တဲ့လူမျိုး ကောက်ကျစ်စဉ်းလဲတဲ့မိန်းမမျိုး Hoseokမုန်းလွန်းတယ်။ဓားကို အစောက သူမသစ်သီးလှီး နေတဲ့ ပန်းကန်ထဲ အသံမြည်အောင် ဆောင့်ထည့်လိုက်ပြီး စူးရဲသော မျက်ဝန်းများနဲ့ စိုက်ကြည့်ပြီးနောက် လှည့်ထွက်လာခဲ့တော့သည်။
တကယ်ဆို ရှေ့နေဆိုတဲ့မိမိဂုဏ်ပုဒ် ကို ဖျက်ကာ လူသက်သမားပဲ လုပ် ပစ်လိုက်ချင်တယ် ။
မသက်ဆိုင်တဲ့သူတွေအကုန်သက်
ပစ်ပြီး Taehyung နဲ့သူ နှစ်ယောက် တည်းသာရှိတော့ရင်...ပထမဆုံး သက်ရမည့်သူဆိုရင်
ဘဝဆိုတာ ဘာမှန်းမသိဘဲ စိတ်ကစားနေတဲ့အချစ်ကိုသာ
ဘဝလို့ သက်မှတ်ထားတဲ့ Park Hoon ဆိုတဲ့သူကို Taehyungက သနားစရာမလိုတော့အောင် အရင် သက်ရလိမ့်မယ်။Taehyungနဲ့ သူနဲ့ သာယာနေတဲ့ မိသားစုဘဝက ဘယ်ကစမှားယွင်း လာသလဲ ပိုပြီးအေးစက် လာတဲ့ ဆက်ဆံရေး တဖြည်းတဖြည်း ကြီးထွားလာတာ ထိုPark Hoon ဆိုတဲ့ ကောင်ကြောင့်...
သူသာ မမြူစွယ်ခဲ့ရင် သူသာသူု့ငယ်ရွယ်မှုနဲ့ မဆွဲဆောင်ခဲ့ ရင် Taehyungလဲ သူ့နောက် ကောက်ကောက်ပါအောင် လိုက်သွားမည်မဟုတ်...။
ဘာတဲ့ ချစ်ပေမဲ့ နာကျင်နေရတယ် တဲ့... ။
Taehyungပြောတဲ့ စကားကို ပြန် စဉ်းစားလိုက်တော့ ရယ်ချင်မိသား..
