#Zawgyi
'' Darling ... ''
Park Hoon သူ့အရှေ့ကမြင်ကွင်းကို
တုန်လှုပ်ဖွယ် ငေးကြည့်နေမိသည်။
ရင်ဘက်ပေါ် လက်နဲ့ တစ်ချက်နားတစ်ချက်ဖိ ကာ အားစိုက်ထုတ်လုပ်ဆောင်မှုတွေနဲ့အတူ စီနီယာ့မျက်နှာပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေက လဲ ကြည့်နေသောသူု့အဖို့တောင် ကြောက်ရွံ့ လာစေတယ်။
Park Hoon မထင်ထားခဲ့...စီနီယာရဲ့အ မျိုးသာက သူ့ကိုယ်သူ ရေထဲဆင်းချလောက်တဲ့အထိသတ္တိရဲလိမ့်မည်ဟူ၍...။
ဘာကြောင့်လဲ ဆိုတာမသိပေမဲ့ ထိတ်လန့် သွားခြင်းနှင့်အတူ စီနီယာလဲ ချက်ချင်း ရေထဲ ကို ဒိုင်ပင်ထိုးချသွားသည်ကြောင့် Park Hoonမှာ စိုးရိမ်ပူပန်သွားခဲ့သည်။
စီနီယာများပြန်တက်လာပါ့မလား စိုးရိမ်ကြောက်ကြနေခဲ့ပြီး အပေါ်ကနေပြီးရေထဲငုံ့ကြည့်၍ သာ ငိုယိုနေမိ သည်။
ခနကြာမှ စီနီယာက သတိမေ့မျောကာလေးလံတဲ့ ခန္ဓာကိုယ်ကို ဆွဲပြီး ပြန်ပေါ်လာခဲ့ပေမဲ့ Park Hoon လှန်းပေးတဲ့ လက်ကိုတဆွဲခဲ့ဘူး ...။
ကမ်းစပ်နားထိ ဆွဲခေါ်သွားသော ခန္ဓာကိုယ် ကို မြေပေါ်ညှင်သာစွာချပြီး ပူပန်စွာ စိုက်ကြည့်နေခဲ့တာက စီနီယာ မျက်နှာဟာ
ကမ္ဘာပျက်သဖွယ်စိုးရိမ်ကြောက်ရွံ့မှုများနှင့် ...။
'' ကျေးဇူးပြုပြီး ဒါလင်...
မျက်လုံးဖွင့်ပါ ''
ပါးလေးပုတ်ပြီး ညှင်သာသောလေသံလေးနဲ့ မဝံ့ရဲစွာ နှိုးနေမိသည်။
သူ ထပ်ပြီး အားခဲစွာ ရင်ဘက်ပေါ်လက်နှစ်
ဖက်ယှက်ကာ ဖိနှိပ်ချနေသော်လဲ အောက်ကသူုမှာမှု
ငြိမ်သက်နေလျက်...။
နှာခေါင်းကိုပိတ်ကာ နှုတ်ခမ်းချင်းတေ့ပြီး တချက်ပြီးတချက် လေမှုတ်သွင်းပေးနေသော သူ့ မျက်နှာပေါ်က မျက်ရည်စက်များဟာလဲ ရေ စက် များကြား တဖြည်းဖြည်းထင်ပေါ်လာခဲ့သည်။
'' အဟွတ်...အဟွတ်...''
'' ဒါလင် ''
Taehyung ဝမ်းသာမှုနဲ့ ရင်ခွင်ထဲကောက်ပွေ့ထားတာ မပြယ်နိုင်သေးသော ကြောက်ရွံ့မှုများနဲ့...။
'' တောင်းပန်ပါတယ်...တကယ်တောင်းပန် ပါတယ် ''
Taehyung သူ့ကိုသာခက်တင်းတင်းပွေ့ ထားရင်း ငိုချမိသည်။
