Part-10

1.1K 150 49
                                        

#Zawgyi

" ensol yr ကလေး... "

" ... "

" appaပါ "

" ... "

" appa'sသမီးလေး..appaကိုမတွေ့ချင်ဘူးလား
တောင်းပန်ပါတယ်
တကယ်တောင်းပန်ပါတယ်..
appa သမီးလေးဆီမလာမိခဲ့လို့
စိတ်ဆိုးလားဟင်...
အင်းပေါ့ appaသမီးလေးကစိတ်ဆိုးသင့်တာပဲ
appaတောင်းပန်ပါတယ်..တကယ့်ကို.... "

" ..... "

" appaကို ခွင့်မလွှတ်ဘူးမှတ်လား
ငါတို့ensolလေးကို နာကျင်အောင်လုပ်မိတဲ့ appaကို ...မချစ်ဘူးမှတ်လား..
တောင်းပန်ပါတယ် တကယ့်ကိုတောင်းပန်ပါတယ်
ensol yr"

" ... "

" အခုappaကို သမီးလေးကဟိုးကောင်းကင်ဘုံက နေ အပြစ်ပေးနေတာပဲ
appaမှားပါတယ်
appaတကယ်အမှားကြီးမှားခဲ့ပါတယ် Ensol yr "

" Appaကို ခွင့်လွှတ်ပေးလို့ မရဘူးလား
၁ခါလောက်လေးပဲ ခွင့်လွှတ်ပေးပါကွယ်
appa..appa မ..သေ..ချင်..သေး..ဘူး.. ဟင့် "

မှန်ဘောင်လေးကိုခေါင်းစောင့်မှီထားရင် Hoseok ငိုကြွေးနေပေမဲ့ မှန်တဖက်ခြမ်းက ဓာတ်ပုံဘောင်ထဲ က ကလေးငယ်လေးကတော့ အပြစ်ကင်းစင်ဖွယ် ပြုံး ရယ်နေလေသည်။

နားထဲ သမီးလေးရဲ့ appaဆိုတဲ့ ငိုမဲ့မဲ့ ခေါ်သံလေး ကိုကြားယောင်မိနေသေးတယ်..
ကိုယ်ဂရုမစိုက်မှုတွေ အလေးနက်မထားမှုတွေကြောင့် သမီးလေးက အမြဲကိုယ့်အနားမှာ အားငယ်နေတဲ့ ပုံ ရိပ်လေးတွေ.. အခုကျမှဘာလို့ မှတ်မိလာစေတာ တုန်း။ appaလို့ တခွန်းခေါ်တိုင်း ဘာလ်ို့ ကောက် ပွေ့ဖက်ပြီး နမ်းမရှိုတ်နိုင်ခဲ့ရတာလဲ..
သမီးလေးကို အမြဲရင်ခွင်ထဲထည့်အိပ်စေဖို့အတွက် ဘာလို့အခန်းခွဲအိပ်ဖို့ပဲ အတင်းစေခိုင်းခဲ့မိတာလဲ..
သူမဆေးရောင်ခြယ်ထားတဲ့ပုံလေးတွေလာပြတဲ့အခါ
ကဗျာလေးတွေ ရွတ်ဆိုပြချင်တဲ့အခါ ဂါဝန်လှလှလေး ဝတ်ပြီး TVထဲကမင်းသမီးလေးလိုလုပ်ချင်တဲ့အခါ
ကိုယ့်မဖြည့်ဆည်းဘူးဆိုတာကိုသိသိနဲ့ လာပူဆာ တက်တဲ့သမီးလေးကို အသည်းထဲနစ်အောင်လွမ်း လာခဲ့သလို.. နောင်တတွေနဲ့လဲ ဒီရင်ကကွဲကြေ မတက် နာလွန်းလို့ ငိုမိပြန်တယ်။

အရာအားလုံး လွဲမှားမှုတွေတွေကကိုယ်ပဲစတင်ခဲ့ သလို တကယ်လို့ သမီးလေးကို
နာကျင်မှု သိမ်ငယ်အားငယ်မှုကနေတဆင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို အတင်းမလုပ်ယူခိုင်းခဲ့ရင်
ကိုယ့်နှလုံးသားကိုပွင့်ပွင့်လင်းလင်းထားပြီး သမီးလေး အပေါ် ကြင်နာယုယစွာချစ်ခင်ပေးခဲ့ရင်လေ..
သမီးလေးလဲ လောကထဲကထွက်မသွားရတော့သလို
အခုချိန် ဒီလိုနောင်တတရားတွေနဲ့ ဒီလို နာကျင်နေရမှာလဲမဟုတ်ဘူး ။

Heart-BreakUnde poveștirile trăiesc. Descoperă acum