Part-9

1K 152 27
                                    

#Zawgyi

၁၉၈၇ခု ဖေဖော်ဝါရီလရဲ့ နေ့တစ်ရက်မှာ Jung Hoseokဆိုတဲ့လူသား လောကကြီးထဲ စရောက်ခဲ့တယ်။ လူမှန်းသိစဉ်ကတည်းက ကိုယ့်ကိုဂရုစိုက်ရမှန်း တခါတလေ မေ့လျော့နေတက်တဲ့ အမေနဲ့ နောက်ကွယ်မှာဖောက်ပြန်တက်တဲ့အဖေရှိတယ်ဆိုတာကို
သိခဲ့ရအချိန်ကစပြီး ငယ်ရွယ်မှုနဲ့မလိုက်လောက်အောင်ထိ ခံစားခဲ့ရတယ်။ ကိုယ့်ရဲ့ဖခင်ကို နာကျည်းနေခဲ့ ပြီး တခါတလေအမေဖြစ်သူဆီကနေ ဂရုစိုက်အလေး ထားမှုကို တောင်းတရင်း သူ့တို့အမြင်မှာ တည်ငြိမ် ရင့်ကျက်တဲ့သူတယောက်အဖြစ် ဟန်ဆောင်နေခဲ့ရတယ်။ Hoseok အသက်နှစ်မှာ၅ အဖေက သူတို့မိသားစုကိုစွန့်ပစ်ကာ ရှေ့နေမတစ်ဦးလဲဖြစ်တဲ့နောက်မိန်းမဖြစ်သူ နောက်ကို လိုက်သွားတော့တယ်။ မိခင်ရဲ့ ငိုကြွေးသံတွေနေ့စဉ်နား ထောင်ခဲ့ရပြီး Hoseokရင်ထဲကခံစားချက်တွေရဲ့ ဖွင့်ဟငိုကြွေးဖို့အတွက်တောင် လျစ်လျူရှုထားလိုက်တော့တယ်။
တခါတလေ အခက်အခဲတွေဖြစ်နေရင် သားအမိနှစ်ယောက်တည်း ရုန်းကန်နေချိန်ဆို ထားသွားတဲ့ဖခင်ကို ပစ်ပစ်ခါခါကျိန်ဆဲနေရင်း မိသားစုစုံစုံညီညီတက်ရတဲ့ကျောင်းပွဲတခုမှာ မိခင်ကအလုပ်မအားမလာနိုင် တဲ့အချိန် သူရဲ့ဖခင်ကြီးကတော့ နောက်မိန်းမဖြစ်သူရှေ့နေမရဲ့လက်ကိုကိုင်ဆွဲပြီး Hoseokအရွယ်ကလေးမလေး တယောက်နဲ့အတူ ကျောင်းမှာတွေ့လိုက်ရတဲ့အချိန် ရင်ထဲမှာ နာကျည်းမှု မုန်းတီးမှုတွေနဲ့ အရွယ်နဲ့မလိုက် ပေါက်ဖွားလာခဲ့ပြီး သူ့ရဲ့မခံချင်တဲ့ရည် မှန်းချက်က ရှေ့နေဖြစ်ရမယ်လို့ ကျိန်ဆိုခဲ့တယ်။
အတော်ဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကျောင်းမှာ အမှတ်အများကြီးအောင်လုပ်ပြီး ရခဲ့ရင်လဲသူ့အမေက ကြည့်ပေးကာ ဂုဏ်ယူပေးမဲ့အချိန်မပေးခဲ့ပါဘူး။
သူဝမ်းနည်းခဲ့တယ် ဒါပေမဲ့ ဒါတွေက သူ့အဖေရဲ့ နောက်မိန်းမ သမီးရဲ့မျက်ရည်တွေမြင်တော့ စိတ်ဖြေဖျောက်မှုအဖြစ် သက်သာခဲ့ပါတယ် ။ သိပ်မကြာလိုက်ပါဘူး ဖခင်အိမ်ကထွက်သွားပြီး၉ Hoseokအလယ်တန်းစတက်တဲ့နှစ်လယ်လောက်မှာပဲ ဖခင်ကaccidentတခုနဲ့ဆုံးသွားပြီလို့ ကြားလိုက်ရတယ် ။ မိခင်ကကြိုတ်ငိုနေခဲ့ပေမဲ့လဲ Hoseokမှာ ငိုရမလားလို့ပဲ ကိုယ့်ကိုယ်ကိုမေးခွန်း ထုတ်ရင်း ဒီနေ့ဒီအချိန်အထိ ဖခင်အပေါ်သွေးအေးနေခဲ့ပါပြီ။ မိမစုံ ဖမစုံဖြစ်သွားတဲ့ သူ့အဖေသမီးကို ညကည့်ရင်း Hoseokပျော်နေခဲ့တယ်။ ကောင်မလေးက အရမ်းလဲသိမ်ငယ်တက်သလို အရမ်းလဲ ငိုတက် တယ်။ ကျောင်းရောက်ရင် Hoseokနောက်ကွယ် ကနေ ကောင်မလေးကို နှိတ်စက်ဖူးခဲ့ တယ်။ ဆိုးသွမ်းတဲ့ ကျောင်းကကောင်မလေးတချို့ကို မြှောက်ထိုး ပင့်ကော်လုပ်လိုက်တာနဲ့ ထိုကောင်မလေးက သူမအိမ်ကိုသူမ ဖိနပ်မပါဘဲ ပြန်ခဲ့ရတဲ့ နေ့တွေ မျက်နှာမှာအညိုအမဲစွန်းရာတခုတလေနဲ့ ပြန်ခဲ့ရတဲ့နေတွေကို Hoseokမြင်ရင်း ကျေနပ်ခဲ့တယ်။

Heart-BreakOù les histoires vivent. Découvrez maintenant