#Zawgyi
"ပြန်လာပြီလား.."
ကုတင်ဘေးက ခုံမှထလာပြီး ကိုယ့်မျက်စိရှေ့လျှောက်လှန်းလာ နေ သည့် သူ့ကိုမြင်တွေ့လိုက်တော့ ကျွန်တော့်အံ့သြမှုက အဆုံးအစမဲ့...
သြော် ဒါကြောင့်မို့ ဧည့်ခန်းထဲထိုင် နေသည့် ommaမျက်နှာက တင်းမာနေခဲ့တာကို
'' ဘာစဉ်းစားနေတာလဲ ပေး အိတ်ကို... ''
'' နေစမ်းပါ ''
လက်ထဲကအိတ်ကို ဆွဲယူတော့မည့် သူလက်လေးတွေကို ရပ်တန့်စေကာကျောခိုင်းလိုက်သည်။
နေ့လည်က ပြဿနာကိုမှ မထောက်
သူ အိမ်ပြန်လာရဲတဲ့ တခါတလေမအပ်ဆိုင်လှသည့် ရဲတင်းလွန်းသည့် သူ့သတ္တိကို ကျွန်တော်မကြိုက်လှ...
ကိုယ့်စိတ်နဲ့သာဆို သူ့အိမ်မှာပဲ သွားနေစေချင်သည်။ အိမ်က ommaစိတ်ကို သူသိတက်ရင်
သူစာနာပေးရင်ပေါ့...။
'' ပင်ပန်းတယ်မှတ်လား
တနေ့တနေ့ အလုပ်ခန်းထဲမှာ...''
မျက်နှာလွှဲရှောင်နေတာတောင် ကိုယ့်နောက်ကျောဘက်ကနေ ချွတ်လက်စအပေါ်ကုတ်ကို ဆွဲကူ ချွတ်ပေးပြီးနောက် အရှေ့သ်ို့ရောက် လာကာ အင်္ကျီကြယ်သီးတွေဆီ သူ့ လက်တွေရောက်လာသည်။
ပုတ်ထုတ်ဖယ်ဖို့ကြံခါမှ ဘယ်ဘက်ပါးစောင်းပေါ်က နီရဲရဲ အကွက်ကိုမြင်လိုက်တော့ စိတ်က အလိုလိုညွှန့်ကျသွားရပြန်သည်။
ဘာလို့များလဲHoseokရာ...
နေ့လည်ကကိစ္စကို ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင် မျက်နှာထားနဲ့ အိမ်ခန်းပေါက်ဝမှာ ပြုံးပြီးကြိုဆိုနိုင်လောက်အောင်
ငါ့ရင်ကိုမီးစနဲ့များထိုးလှော်ချင်ရသ လား ။
ငါ့ရဲ့လျစ်လျူရှုမှု နဲ့ ငါရဲ့ သွေးအေးအေးစကားတွေကို ခံနိုင်လွန်းလှ သည့် မင်းမှာပဲ နှလုံးသားမဲ့နေပြီလား မသိ...
အသိတရားသာရရင်လေ ဒီလောက်နဲ့ပဲ ခံစားပြီး ငါ့အနားကထွက်သွားပါ တော့လား Darlingရယ်...။
*****
ရေချိုးခန်းထဲမှ ပြင်ပြင်ဆင်ဆင် ထွက်လာတော့ ကုတင်ရဲ့အစွန်း တဖက်မှာ ကျောပေးအိပ်နေတဲ့ သူ့ကို အကဲခက်ကြည့်လိုက်တယ်။
ဒီနေ့အဖို့ အရှက်ပေါင်းများစွာနဲ့ သိက္ခာပေါင်းများစွာ အကျခံထားခဲ့ ရတာမို့ သူယခုဒီလိုလုပ်ဖို့ဟာလဲ ကိုယ့်ကိုယ်ကို ဘာမှတွန့်ဆုတ်ခိုင်း မနေချင်တော့...
