#Zawgyi
မနက်ခင်းဝေလီလီအခါမှာ Taehyung နဲ့ Park Hoonတို့ အပင်အုံဆိုင်းဆိုင်း တောလမ်းလေးတလျှောက် လမ်းလျှောက် ထွက်လာကြသည်။
တောတန်းလေးဘေးနားမှာ ချောင်းသေးလေး ရှိတာကြောင့် မနက်ခင်းသန့်ရှင်းလက်ဆက် တွေလေတွေနဲ့ စိတ်ကိုပေါ့ပါးကြည်လင်စေ သည်။
ဒါပေမဲ့...
Park Hoonတယောက် ဘေးကTaehyung မျက်နှာကို ခနခနလှည့်ကြည့်ဖြစ်သည်။ခါတိုင်းဆို ဘေးနားစကားတွေပေါက်ပေါက် ဖောက်သလို ပြောချင်ပေမဲ့ Taehyungမျက် နှာကြောင့် သူနှုတ်ဆိတ်နေခြင်းကအကောင်း ဆုံးဖြစ်လိမ့်မလားဆိုတာလဲ မသေချာ...
မနေ့ညကအဖြစ်အပျက်တွေနဲ့အတူ တွန်းချခံလိုက်ရတဲ့ ခြေထောက်က အရမ်းနာ သွားပေမဲ့ စီနီယာရဲ့ အမျိုးသားဖြစ်သူအပေါ် စီနီယာ့လုပ်ရပ်တွေကို မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရသည်။
တဆက်တည်းမှာလဲ ပျော်ရွှင်ကြည်နူးရသည်။
ကိုယ့်ကိုပစ်မသွားတဲ့ စီနီယာရဲ့လုပ်ရပ်ကြောင့်...
ကိုယ်ချစ်နေတဲ့သူက သက်ဆိုင်သူကိုပယ်ပြီး ကိုယ့်ကို ဂရုစိုက်မှုလေး ပိုပေးခဲ့တာကြောင့်...
စီနီယာ့အမျိုးသားအပေါ် လွန်မိပေမဲ့လဲ ကျေနပ်ခဲ့သည်။အနောက်မှာ ကျန်ခဲ့သော စီနီယာ့အမျိုးသား ရဲ့ ငိုသံတွေကို ကျွန်တော်အပြင် စီနီယာပါ ကြားရ သော်လဲ စီနီယာက လှပစွာလျစ်လျူရှုထားနိုင် ခဲသည်။
ဒါပေမဲ့ နာသွားတဲ့ခြေထောက်ကိုပဲ အတင်းနစ် ကာ ပြုစုပေးနေသော စီနီယာကိုကြည့်ပြီး ကိုယ်သဘောပေါက်လာသော အကြောင်းအရာ လေးတွေလဲရှိတယ်။Park Hoonအချစ်က ရိုးရှင်းပါတယ်။ ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်နေစေဖို့ပဲ...
Park Hoonထက် အသက် ၈နှစ်မျှကြီးသော စီနီယာ Taehyungကို စွဲလန်းမိတာကလဲ အချစ်ဟု ခေါ်ဆိုချင်ပေမဲ့လဲ
စီနီယာမှာ သက်ဆိုင်သူရှိနေသော်လဲ အပြစ်ဟု မသက်မှတ်နိုင်... ။
အချစ်က အပြစ်ကင်းစင်ပါတယ်...။
သူပျော်ရွှင်နေဖို့အဓိကကျသလို ထိုပျော်ရွှင်မှု ကိုလဲ ကိုယ်ကမှဖန်တီးပေးချင်ကြတာ။ဒါပေမဲ့ မရနိုင်တဲ့အချစ်ကိုမှ လိုချင်မိတာ မိမိရဲ့ ဖြစ်ပေါ်လာတဲ့ လောဘတခုပဲ...။
ထိုအချစ်ကိုမှ အဆုံးရှုံးမခံရအောင် အတ္တကြီး မိတာလဲ မာနတခုပဲ...။
