#Zawgyi
Hoseok အခန်းတံခါးရှေ့တွင် ခေါက်တုန်းခေါက်ပြန်ပက်လျှောက်နေသည်။ Taehyungသတိရလာ ပြီဆိုတာ ဆရာဝန်တွေအခန်းထဲ ပြေးဝင်ကြည့်ကတည်း သိလိုက်ပြီပြီ။ သို့သော် သူမှာအခန်းထဲ မ၀င်ရဲ သေး။ ယောက္ခမဖြစ်သူ ommonyiနဲ့ Shin Haeyeon ရှိနေသည့်အပြင် အစောကတင် လက်မှာ ဆေးသွင်းပိုက်လေးတန်းလန်းနဲ့ park hoonတယောက်မှာမှုစိုးရိမ်မူကြီး စွာ Taehyung ရှရာအခန်းထဲသို့ဝင်သွားတာကြောင့်..
လင်ပိုင်ရှိရှင်ဖြစ်သူ Hoseokကိုမှနည်းနည်းမျှဂရု မမှုတော့ဘဲ ရဲတင်းလွန်းစွာ သူထက်ကြော၍ Taehyungအခန်းထဲဝင်သွားခဲ့သည်။
မှန်အပေါက်လေးက ချောင်းကြည့်တော့ ချီးမွန်း ထောပဌာမျက်လုံးများနဲ့ Park Hoonလက်ကိုဆုတ်ကိုက်ထားသော ယောက္ခမဖြစ်သူမျက်နှာကိုတွေ့ရတော့ ၀မ်းနည်းသိမ်ငယ်စွာခံစားရပြန်သည်။တံခါးဖွင့်သံနဲ့ကြားကြားချင်း Hoseokထရပ်လိုက်တော့ ommonyiနဲ့ Shin Haeyeonတို့နှစ် ယောက်နှင့်အတူ ဆရာဝန်များထွက်လာသည်ကိုတွေ့ရသည်။
" စိုးရိမ်စရာမရှိတော့ပါဘူး
မနက်ဖြန်ဆိုဆေးရုံးဆင်းနိုင်ပါပြီ "" ကျေးဇူးတင်ပါတယ် ဆရာ
ကျေးဇူးတင်ပါတယ် "" ဒါဆို ခွင့်ပြုပါဦး "
" nae "
ommonyiနဲ့ ဆရာဝန်ပြောစကားတွေကို ဘေးမှာရပ်ကြည့်နေတဲ့ Hoseokကြားရတော့ အနည်းငယ်စိတ်သက်သာသွားရသည်။
" မင်း ဒီမှာဘာလုပ်နေတာလဲ "
ဆရာဝန်တွေမှာစရာရှိတာမှာပြီးထွက်သွားပြီးပြီးချင်း ယောက္ခမရဲ့ လေကြိတ်သံက တန်းကနဲထွက်လာခဲ့ သည်။
" မထွက်သွားသေးဘူးလား "
" တောင်းပန်ပါတယ် ommonyi
ကျွန်တော်Taehgungနဲ့တွေ့ချင် လို့ပါ "" မင်းတွေ့ ချင်ပေမဲ့ ငါ့သားကမင်းကိုတွေ့ချင်တယ် များထင်နေလား မင်းရဲ့ယုတ်မာတဲ့စိတ်ကိုသိပြီး မင်းနာမည်တောင် မကြားချင်တော့ဘူးတဲ့ "
ကြားလိုက်ရတဲ့စကားတွေကအင်မတန်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဒီတခါသာ ဒီယုံကြည်မှုလေးသာ ကျိုးပျက်သွားရင်လေ..
" မဟုတ်ဘူး အဲ့လိုမဟုတ်လောက်ပါဘူး
ခနလေးတွေ့ခွင့်ပေးပါ ommonyi "
