# Unicode
ကွာရှင်းစာချုပ်ကိုင်စီကိုင်ပြီး တရားရုံးကို တက်ဖို့မင်း ငြင်းဆန်နိုင်ခဲ့ရင်တောင် ဖြစ်နေတဲ့မင်းတာ၀န်ယူထားတဲ့အမှုအတွက် ငါနဲ့မင်း မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ရပြီလေ..
တချိန်ကမင်းပြောခဲ့ဖူးတယ်..
ရှေ့နေတယောက်ဖြစ်တဲ့Darlingအတွက် တရားရုံးမှာမဆုံချင်တဲ့လူသားက ကိုယ်ဖြစ်တယ်ဆိုတဲ့ အကြောင်း... မဖြစ်ပါစေနဲ့လို့ ရင်ခွင်ထဲမေးထောက်မှီရင်း ခပ်ရွဲရွဲမျက်လုံးလေးတွေနဲ့ တောင်းဆိုခဲ့ဖူးတယ်။
Darlingအတွက် တရားခွင် ဆိုတာက နာကျင်မုန်းတီးမှုတွေနဲ့ မကျေနပ်မှုတွေကို စတာမို့ အဲ့မှာ ဘယ်တော့မှာမမြင်ချင်တဲ့သူက ကိုယ်ဖြစ်ကြောင်း လေးလေးနက်နက် မင်းပြောဖူးခဲ့တယ်..။
ဖြူလျော့နေတဲ့ မင်းမျက်နှာရယ် တချက်တချက် ၀မ်းနည်းနာကျင်စွာ ငေးစိုက်ကြည့်နေ မင်းမျက်၀န်းတွေ ရယ် ငါခံနိုင်ရည်ရှိအောင် အထူးပြင်ဆင်ထားပြီးသား။
" သက်သေခံ ဒေါက်တာ Kim Taehyung ကို မေးပါမယ် "
တစ်ရာရာခိုင်နှုန်း ရှုံးနိမ့်ဖို့လုံးလုံးသေချာနေတဲ့ မင်းရဲ့ အမှုမှာ မင်းမုန်းတဲ့ ဒီရှုံးနိမ့်မှုကိုငါ့ကြောင့်ဆိုတဲ့ စိတ်နဲ့ ပိုနာကျည်းစမ်း...
မင်းရဲ့ရင်ကို ထပ်ခွဲခဲ့တဲ့ ဒီလူသားရဲ့ရည်ရွယ်ချက်ကိုသိပါလေစ..ဒါကအပေါ်ယံအမြင်သက်သက်ပဲဖြစ်နေရင်တောင်မှပေါ့ မင်းနားလည်ပေါ့Darlingရယ်..
ကိုယ် မင်းကို အဆုံးထိ ရက်စက်ခွင့်ပြုပေး..
နာမည်ကြီး ရှေ့နေတယောက်ရဲ့ ရှုံးနိမ့်သွားသော တရားခွင်နဲ့အတူ မင်းလှလှပပ ပျက်စီးစမ်း...
" ဟိုမှာ သူတို့ထွက်လာပြီ.."
သတင်းထောက်တွေကြားညှပ်နေတဲ့ မင်းခန္ဓာကိုယ် လေး ..တယောက်တွန်းတယောက်တိုက်နဲ့ အတင်းနင့်ကာသတင်းယူနေကြတဲ့ သူတို့တွေကြား မင်းမျက်နှာကမလျော့သေးတဲ့ မာနတွေနဲ့ ဟန်ဆောင်တောင့်ခံထားနေသေးတယ်။
ကြက်ဥတလုံးနဲ့အပေါက်ခံရတာတောင် မျက်တောင် တချက်ခက်လိုက်ရုံမှတပါး မင်းခံနိုင်သေးတာလား..
မင်း မပင်ပန်းဘူးလားDarlingရယ်..။
ငါ့လက်သီးကိုကျစ်ကျစ်ဆုတ်ပြီး ငါ့နှလုံးသားကိုငါ အတင်း ဆုံးမနေရတယ်။
