Part 4

1.9K 200 5
                                    

Zawgyi

ချစ်​ခြင်းတို့ရဲ......စေစားရာ💕💕
(part 4)

"Saintမျက်​နှာကိုရေမထိစေနဲ့ ခေါင်းကို
လည်းအထိမခံနဲ့မျက်​မှန်​ကိုလည်းအမြဲတပ်​ထားနော် Tanaponက လူတွေရှေ့မှာသာ
အလိမ်​ပေါ်ရင်​မင်းတော့သွားပြီပဲ"

planတတွတ်​တွတ်​မှာသောစကားများကို
ကြားယောင်​ပြီးSaintတစ်​ယောက်​မျက်​ခုံး
လှုပ်​နေသည်

" N'Saint P'ပြောတာကြားလား"

"ဗျာ P'ဘာပြောလိုက်​တာလဲမသိဘူး😁"

Saintအတွေးလွန်​နေတာနဲ့P'Mine ပြောတာမကြားလိုက်​သူ့ကိုလာကြိုတဲ့ပုဂ္ဂိုလ်​ကတော့အပေါ်ထပ်​ကိုတက်​သွားလေရဲ့
သူသာP'Mineနဲ့ဧည့်​ခန်းထဲမှာစကား
ထိုင်​ပြောနေခြင်းဖြစ်​သည်

"သြော်​ခုနကSaintကိုကားနဲ့လာကြိုတာ
PerthလေPickရဲ့ဖေဖေ"

Saintမျက်​ခုံးတွေပင့်​တင်​ရင်းခေါင်းတဆတ်​ဆတ်​ညိတ်​မိသည်​ Perthဆိုတဲ့လူ ကလေးအဖေဖြစ်​လျက်​ပျိုတိုင်းကြိုက်​တဲ့နှင်းဆီခိုင်
ဖြစ်​နေတာကို သူမအံ့သြတော့
ကိုယ်​တိုင်​တောင်​စတွေ့တုန်းကသူ့ရဲ့ခန့်​ညားမှုမှာမင်​သက်​မိသည်​မဟုတ်​ပါလား နောက်​ဆို
ဝေးဝေးနေဖို့လဲ ကွကိုယ်​သတိပေးမိသည်

"Saintကိုသားလေးနဲ့မိတ်​ဆက်​ပေးမယ်
နော်​"

P'Mineပြောတော့Saintခေါင်းပဲညိတ်​ပြ
လိုက်​သည်

"DeeရေPick လေးကိုခေါ်လာဦး"

Mineစကားဆုံးပြီးသိပ်​မကြာမှုန်​ကုပ်​ကုပ်​မျက်​နှာထားနဲ့ကလေးကိုDeeဆိုသူမိန်းကလေးက
ခေါ်ပြီးဧည့်​ခန်းထဲဝင်​လာသည်

"Pick သားလေးဒီမှာလာထိုင်​"

မှုန်​ကုပ်​ကုပ်​နဲ့ချာတိတ်​ကဝင်​ထိုင်​ရင်း
Saintကိုလဲစူးစမ်းသလိုကြည့်​သည်

"ဒါကP'Saint တဲ့ သားကိုစာသင်​ပေးမယ့်​ဆရာနောက်​နေ့ကစP'Saint နဲ့ အတူစာသင်​ရမယ်​နော်​"

"မင်္ဂလာပါ Pick P'ကSaintSuppapong ပါနောက်​နေ့ကစ P'တို့အတူစာသင်​တာပေါ့"

သူပြောတာကိုချာတိတ်​ကစိတ်​ဝင်​စားဟန်​မပြ စားပွဲပေါ်မှတင်​ထားတဲ့စားစရာတွေကိုသာ
ခပ်​တည်​တည်​နဲ့လှမ်းယူစားနေလေသည်
အသက်​လေးကသာခြောက်​နှစ်​ပဲရှိသေးတာပုံစံ
ကတော့တကယ့်​ကိုကျွတ်​ဆတ်​ဆတ်​လေး Ai'Saintရေ မင်းတော့မလွယ်​ပါ့လား

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now