Part 16

1.8K 197 19
                                    

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕
              {Part 16}

Perth ကုမ္ပဏီကပြန်​လာလာချင်း  အပေါ်ထပ်​အိပ်​ခန်းကိုတန်းသွားဖို့ပြင်​ပေမဲ့ ဧည့်​ခန်းကအဖြတ်​မှာတွေ့လိုက်​ရတဲ့ပုံရိပ်​လေးကြောင့်​ ခြေလှမ်းတွေက ဘာရယ်​မဟုတ်​ဧည့်​ခန်းထဲကို လှမ်းမိလျက်​သား။ဧည့်​ခန်းထဲကိုဝင်​လိုက်​ပေမဲ့ကိုယ်​တော်​က စာအုပ်​ထဲမှာ ခေါင်းစိုက်​နေတာ ရှေ့တည့်​တည့်​မှာ သူဝင်​ထိုင်​လိုက်​တာကိုပင် သတိထားမိပုံမရ။သူလဲ သူ့အာရုံနဲ့သူ
ကိုယ့်​ကိုမကြည့်​သလို ကိုယ်​လည်းသူ့
ရှေ့သာရောက်​နေတာ ရည်​ရွယ်​ချက်​မရှိ။
ဘာအကြောင်းပြချက်​မှမရှိသလို ထထွက်​သွား
ဖို့လည်းမစဉ်းစားမိတာကြောင့်​သူ့ရှေ့က
စာအုပ်​ထဲခေါင်းစိုက်​နေတဲ့ကောင်​လေးကိုပဲ
စိမ်​ပြေနပြေထိုင်​ကြည့်​နေလိုက်​သည်​။အိမ်​နေ
ရင်းတီရှပ်​အနက်​ရောင်​နဲ့ချည်​သားဘောင်းဘီ
ခပ်​ပွပွတစ်​ထည်​ကိုသာဝတ်​ထားတဲ့ချာတိတ်​ပုံစံက ရိုးရှင်း၏။အသားအရည်​ကဖြူသည်​ဆိုတာ
ထက်​ ကြည်​ကြည်​စင်​စင်​လေးဝင်းနှစ်​နေတာမျိုး။စာအုပ်​ကိုစိတ်​ဝင်​တစားဖတ်​နေချိန်​ မျက်
လွှာချထားသလိုဖြစ်​နေတာကြောင့်​ တိုစိပ်​စိပ်​မျက်​တောင်​လေးတွေကို အပေါ်စီးကကြည့်
နေရသလိုမို့ တမျိုးလေးကြည့်​ကောင်းသည်​။နှာတံလုံးလုံးလေးကိုမှ ပါးဖောင်းဖောင်း
လေးတွေက ဘယ်​ညာရံထားတာကြောင့်​ ဘယ်​လိုကြည့်​ကြည့်​ချစ်​စရာကောင်းလွန်းတာကို ငြင်းမရ။ထိုမှတဆင့်​ နှုတ်​ခမ်းဖူးဖူးလေးဆီအကြည့်​ရောက်​သွားတော့ မလွှဲဖယ်​နိုင်​တော့
သည့်​မျက်​ဝန်းတို့က ညှို့ချက်​မိသွားသူတစ်
ယောက်​လို။ပြီးခဲ့တဲ့ ရက်​အနည်းငယ်​တုန်းက
ပင်​ဤနှုတ်​ခမ်းတို့အား အနမ်းမဟုတ်​တဲ့တခြားပုံစံတစ်​ခုနဲ့ထိတွေ့ခဲ့ရသည်​ မဟုတ်​ပါလား။
ချိုမြိန်​မှုအတိုင်းအတာကိုမသိပေမဲ့ နူးညံ့အိ
စက်​လွန်းတာကိုတော့ခံစားမိသည်​။

{ကျစ်​.....ငါဘာတွေတွေးမိနေတာလဲ}

မျက်​လုံးတွေလွှဲဖယ်​ဖို့ကြိုးစားပေမဲ့ အကြည့်​တွေထပ်​ရောက်​သွားတာက ဝင်းနှစ်​တဲ့အပြစ်​နာ
ဆာမဲ့ လည်​တိုင်​ဆီကို။ပုခုံးသားလေးတွေဆို
ရင်​ရော ဒီလိုပဲဖွေးအိနေမလား

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now