Part 11

1.8K 209 16
                                    

ချစ်​ခြင်းတို့ရဲ့......စေစားရာ💕💕
                {Part 11}

ဒေါက်​ ....ဒေါက်

နေ့လည်​စာပြင်​ပြီးလို့လာပို့ဟန်​တူသည်​။Perthတစ်​ယောက်​နှုတ်​ခမ်းတွေတွန့်​ကွေးသွားသည်​။အခုချိန်​မှာSaint Suppapongသည်​ ကိုယ့်​လက်​ခုပ်​ထဲကရေ

"Lock မချထားဘူးဝင်​ခဲ့"

ပွင့်​လာတဲ့တံခါးနဲ့အတူဘယ်​လိုမှ ကျေနပ်​ပုံ မပေါ်တဲ့ခပ်​တင်းတင်းမျက်​နှာထားနဲ့
ဘဲရုပ်​ဆိုး။သူ့ရှေ့မှာလာချ
ပေးတဲ့နေ့လည်​စာကိုတစ်​ချက်​ကြည့်​လိုက်​ပြီး

"ကိုယ်​ ဒါတွေလုံးဝမကြိုက်​ဘူး တခြားဟာ
တခုခုပြောင်းစီစဉ်​ပေး မိနစ်​သုံးဆယ်​အတွင်း"

"ခင်​ဗျား ဒါတမင်​သက်​သက်​ညစ်​တာအရင်​နေ့တွေကကြီးNanလည်း ဒါမျိုးတွေပဲချက်​တာ
အဲ့တုန်းကကျ စားနေပြီးတော့ အခုမှမကြိုက်
ဘူးဆိုတာလုံးဝအဓိပ္ပါယ်​မရှိတာပဲ ပြီးတော့
ကျွန်​တော့်​မှာလည်းအဲ့လောက်​အချိန်​ပေါ
မနေဘူး"

"အရင်​နေ့ကကြိုက်​လည်း ဒီနေ့ကြိုက်​ချင်​မှ
ကြိုက်​မှာပေါ့ ဘာဖြစ်​ဖြစ်​ ကိုယ်​စားချင်​တာကိုမရရအောင်​ချက်​ပေးရမှာမင်းတာဝန်​လေ ဒါမှမဟုတ်​အချိန်​သိပ်​မကုန်​ပဲပိုပြီးအရသာရှိရှိ
စားနိုင်​တဲ့တခုခုကိုမင်းဖြည့်​ဆည်းပေးနိုင်​လား"

ပြောပြီးမတ်​တပ်​ထရပ်​လိုက်​ကာ သူ့နားကို
တဖြည်းဖြည်းတိုးကပ်​လာတဲ့ Perthကြော့င့်​Saintတစ်​ယောက်​အနောက်​ကိုခပ်​ဖြေးဖြေးဆုတ်​တော့မှ ထပ်​ဆုတ်​စရာမရှိတော့တဲ့အနေအထားနဲ့နံရံမှာကျောကပ်​မိလျက်​သား
Perthကတော့Saintထွက်​ပေါက်​မရှိလေ
အောင်​ဘေးနှစ်​ဖက်​ကနံရံမှာ သူ့လက်​တွေ
ထောက်​ပြီးကာဆီးလိုက်​သည်​။ပြီးတာနဲ့သူ့ကို
ခပ်​စူးစူးကြည့်​နေတဲ့Saintမျက်​ဝန်းတွေကို
ပြန်​စိုက်​ကြည့်​လိုက်​သည်​။ဒီလိုဆိုတော့လည်းမျက်​မှန်​ထူထူအောက်​ကမျက်​နက်​ဝန်းလေးတွေကလှသားး

"ခင်​ဗျားဘာလိုချင်​တာလဲတည့်​တည့်​ပြော Mr.Perthပြီးတော့ဒီလိုပုံစံကြီးနဲ့စကား
မပြောချင်​ဘူး ခင်​ဗျားလက်​တွေဖယ်​"

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Donde viven las historias. Descúbrelo ahora