Part 17

1.8K 188 17
                                    

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕
                 {Part 17}

အတွေးပေါင်းစုံရှုပ်​ထွေးပြီးညကတော်​တော်​နဲ့
အိပ်​မပျော်​။ဒီမနက်​နိုးလာတော့လည်းမကြည်
လင်​ချင်​သေးတာမို့ ဒီနေ့ရုံးမလာတော့ဟု Naylဆီကိုသာ Phဆက်​ပြောထားလိုက်​သည်​။
အောက်​ထပ်​ကိုဆင်းလာတော့ ဧည့်​ခန်းထဲမှာ
အရုပ်​လေးတွေဆက်​ပြီးဆော့နေတဲ့ Pick။ဒါဆို ဟိုချာတိတ်​ရော။သူမရင်းနှီးချင်​သလို ကိုယ်​လည်းအတင်းလိုက်​မပတ်​သက်​ဖို့ ဆုံးဖြတ်​ထားပေမဲ့ ခြံဝန်းထဲကပန်းပင်​တွေရေလောင်း
နေတဲ့ ပုံရိပ်​တစ်​ခုကိုမြင်​တော့
ခြေလှမ်းတွေက အလိုလိုလှမ်းမိပြီးသား။

"ဦးလေး Suu ဘယ်​သွားလို့လဲ"

ဒီတိုင်းလေးရပ်​ကြည့်​မယ်​ဆိုပြီးစဉ်းစားပေမဲ့
ရောက်​နေတာကိုသိစေချင်​တဲ့စိတ်​က စကားမရှိ
စကားမရှာပြောမိပြန်​သည်​။Saintကတော့ပုံမှန်​အတိုင်းမျက်​နှာတည်​တည်​နှင့်​ပင်​လှည့်​ကြည့်
လာပြီး

"ဘယ်​မှမသွားပါဘူး ဒီတိုင်းကျွန်​တော်​အပင်
တွေရေလောင်းရတာ သဘောကျလို့"

"အပင်​စိုက်​ရတာရော သဘောကျလား"

"အင်း  ဆိုပါတော့ ဒါနဲ့Mr.Perth နေရင်​နေလေ ကျွန်​တော်​သွားတော့မယ်​"

Perthမျက်​ခုံးတွေတွန့်​ကြုံ့သွားမိသည်​။ဒီလိုပဲ
ကိုယ်​ရောက်​လာတိုင်း အကြောင်းပြချက်​မရှိ
ရှောင်​ထွက်​သွားတတ်​တာ တစ်​ခါတည်းမဟုတ်​။

"နေဦး မင်းကိုပြောစရာရှိတယ်​"

"ဘာလဲ"

"ကိုယ့်​ကို ရှောင်​နေတာလား"

"Mr.Perth အတွေးလွဲနေတာထင်​တယ်​ ကျွန်
တော်​တို့ကြားမှာ ရှောင်​နေတယ်​ဆိုရလောက်
တဲ့ထိ ပတ်​သက်​တာမျိုးမရှိခဲ့ဖူးဘူး"

"ကိုယ်​က ပတ်​သက်​ချင်​တယ်​ဆိုရင်​ရော ကိုယ့်
ဘက်​က အတွေးလွဲနေတယ်​ဆိုရင်​တောင်
ကျိန်းသေပေါက်​ မင်းဘက်​ကလည်းကိုယ့်
အပေါ်မှာမှထူးထူးခြားခြားဥပေက္ခာပြုနိုင်
လွန်းတယ်​လို့ရော မထင်​မိဘူးလား"

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now