Part 18

1.9K 189 27
                                    

ချစ်​ခြင်းတို့ရဲ့......စေစားရာ💕💕
                {part 18}

"ဘာဖြစ်​တယ်​ Chompoo အခြိမ်းခြောက်
ခံရတယ်​ ဟုတ်​လား"

"အဲဒါတင်​မကသေးဘူး မိန်းကလေးတစ်
ယောက်​ကို ယောက်ျားအားတွေနဲ့ ဝိုင်းရိုက်
ကြတာ မသေရုံတမယ်​ပဲ အခုဆေးရုံမှာ"

NaylစကားအဆုံးPerthမျက်​နှာအကြီး
အကျယ် ပျက်​သွားသည်​။

"ဘယ်​လိုခြိမ်းခြောက်​တာတဲ့လဲ"

"ထုံးစံ အတိုင်း Perth Tanaponနဲ့ဝေးဝေးနေ
ပဲပေါ့ ဒီကိစ္စကို ပေါ့ပေါ့ထားလို့မရတော့
ဘူးPerthမင်း သဘောကျတဲ့လူတိုင်းကို
ဒီလိုပုံစံနဲ့ခြိမ်းခြောက်​နေတာတခါတည်းလည်းမဟုတ်​ဘူး အခုလည်း Chompoo နဲ့မင်းရဲ့
ပတ်​သက်​မှုကိုပဲ အဓိကထားပြီးခြိမ်းခြောက်​တာ "

"တောက်​....ငါနဲ့ဖြစ်​ရင်​ ငါနဲ့ ဒဲ့ရှင်းပါ့လား
နောက်​ကျောကနေဒီလိုဓားနဲ့ထိုးတာ
များနေပြီ အဲ့လူသိလို့ကတော့ မလွယ်​ဘူး
ဒါနဲ့ Chompoo အခြေအနေရော ဘယ်​လိုလဲ"

"အသက်​အန္တရာယ်​တော့ စိတ်​ချရပါပြီ ဒါမဲ့
Chompooကြည့်​ရတာ တော်​တော်​ကြောက်
သွားပုံပဲ မင်းလဲအားရင်​သတင်းလေးဘာလေး
သွားမေးဦး မင်းနာမည်​တပ်​ပြီးခြိမ်းခြောက်​ခံ
ရတာဆိုတော့ မင်းပယောဂမကင်းဘူး"

"အင်းငါသိပါတယ်​ လောလောဆယ်​တော့
ငါအရမ်း ပင်​ပန်းနေပြီ အိမ်​စောစော
ပြန်​တော့မယ်​ Chompoo ကိစ္စတွေ
လိုလေသေးမရှိအောင်​ ငါ့အစား မင်းပဲ
စီစဉ်​ပေးလိုက်​တော့"

"အေးပါ ကောင်းကောင်းပြန်​ မင်းလဲ
သတိဝီရိယထားပြီးပြန်​ဦး"

"အေးပါကွာ ဒါဆိုပြန်​ပြီ ငါစိတ်​ချမယ်​နော်​"

            ****************************


Perth အိမ်​ပြန်​လမ်းတလျှောက်​အတွေးများ
နေသည်​။သူနဲ့ပုံမှန်​ထက်​ပိုရင်းနှီးပတ်​သက်​တဲ့
သူမှန်​သမျှ Perth Tanapon နဲ့ ဝေးဝေးနေဆိုပြီး ရိုက်​နှက်​ခြိမ်းခြောက်​ခံရတာအကြိမ်​ကြိမ်
ဘယ်​သူဘယ်​ဝါမှန်းမသိရပဲ နောက်​ကွယ်​ကနေ
လက်​သီးပုန်းအထိုးခံနေရတာ ပြီးတော့နောက်
ကွယ်​ကနေ ဒီလိုလုပ်​နေသူဟာကိုယ့်​ကိုမလိုတဲ့
သူလား လိုတဲ့သူလား မစဉ်းစားတတ်​တော့။
ကိုယ်​ဆိုတာ ဘာကိုမှတွေးပြီးမကြောက်
တတ်ပေမဲ့ ကိုယ့်​ချစ်​သူလို့ နာမည်​ထွက်​တဲ့သူ
တိုင်း ဒီလိုခြိမ်းခြောက်​ခံရတာ ဒါမဲ့ဒီနေ့ဒီချိန်​ထိ
တကယ်​ချစ်​ပြီး တကယ်​ပူပန်​စိုးရိမ်​ရမဲ့သူဆိုတာ
ကိုယ့်​အတွက်​မရှိခဲ့ သို့သော်​ တစ်​စုံတစ်​ယောက်
ရဲ့တည်​တင်းတဲ့ မျက်​နှာလေး အတွေးမှာထင်
ဟပ်လာတော့ တကယ်​မဖြစ်​သေးတာတောင်​ စိုးရိမ်​ပူပန်​မှုတွေက အတိုင်းမသိ  တကယ်​သာ
ဖြစ်​သွားရင်​တော့ ဆက်​မတွေးရဲ။တကယ်​ချစ်​မိ
လာတဲ့အခါကိုယ့်​ကြောင့်​ သူ့ကို မြူတစ်​မှုန်​စာ
တောင်​ အထိခိုက်​မခံချင်​တာမျိုး။

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now