Part 31

1.7K 208 23
                                    

ချဝ်​ခြင်းတို့ရဲ့.....စေစားရာ💕💕
                     (Part 31)

"အားးးနာတယ်​ P'Saint ဖြည်းဖြည်း"

"ခဏပဲနာတာပါ Deeရယ်​ ခဏနေ
သက်​သာလိမ့်​မယ်​"

Deeကိုအိမ်​ဆီပြန်​တွဲခေါ်လာပြီး ဆေးလူး
ပေးနေခြင်းဖြစ်​သည်​။ပြီးတာနဲ့ Saint
အကြည့်​တွေ Pick ဆီရောက်​သွားပြီး

"Pickဘယ်​လို စကားပြောတတ်​နေတာလဲ
အခုP'ကိုပြောပြလို့ရပြီလား"

Saintမေးလိုက်​ပေမဲ့Pickကပြူးကြောင်
ကြောင်​လေးသာ ပြန်​မော့ကြည့်​နေရှာ
သည်​။

"P'Saint ထွက်​သွားတဲ့မနက်​တုန်းက"

Saintအကြည့်​တွေDeeဆီသို့ပြန်​ကူး
ပြောင်းသွားသည်​။Deeကသက်​ပြင်းဖွဖွချ
ရင်း စကားဆက်​၏။

"အဲ့နေ့မနက်​က P'Saintဘယ်​မှာလဲလို့
စာလေးရေးပြီးDeeကိုPick လာမေးတယ်​"

"P'Saint မရှိတော့ဘူး ထွက်​သွားပြီလို့
Deeကပြောလိုက်​တော့Pickအကြာကြီး
ငြိမ်​သွားတယ်​ ပြီးတော့မှ မျက်​ရည်​တွေဝဲပြီး
သူ့အခန်းထဲသူ ပြန်​ဝင်​သွားခဲ့တာ"

ကြားရတဲ့စကားတွေကြောင့်​Saintစိတ်
မကောင်းစွာ ဘေးနားက Pick ကိုယ်​လေးကို ဆွဲယူပြီးပေါင်​ပေါ်ထိုင်​စေလိုက်​၏။
ခေါင်းလေးပုတ်​ပေးတော့ Pickက
ကျေကျေနပ်​နပ်​နဲ့သူ့ရင်​ခွင်​ထဲတိုးဝင်​ကာ
မျက်​လုံးလေးတွေမှိတ်​ရင်းငြိမ်​နေ၏
Deeကတော့ ပြောလက်​စ စကားကို
ထပ်​ဆက်​သည်​။

"နေ့လည်​ဘက်​ ထမင်းစားဖို့သွားခေါ်တော့
အခန်းထဲမှာPickမရှိတော့ဘူး အဲ့တာနဲ့
ခြံထဲဆင်းရှာမှ P'Saintနဲ့အတူစာသင်​ခဲ့တဲ့
ခုံတန်းလေးပေါ်မှာ ထိုင်​ငိုနေတာ Deeလေ
အဲ့လိုမြင်​ရတော့ ရင်​ထဲစို့နင့်​သွားတာပဲ"

ပြောရင်းDeeကမျက်​ရည်​တွေ ဝဲလာ၏။Saintလည်းငြိမ်​ပြီးနားထောင်​နေပေမဲ့
ရင်​ထဲမှာမကောင်းလှ။ကိုယ့်​အပြစ်​မကင်းသလိုခံစားရသည်​~~~~~~

"သူ့အနားကို ကပ်​သွားမှ ရှိုက်​နေတဲ့အသံတိုးတိုးလေးကြားရတာ Deeအံ့သြပြီး
အနားလည်းကပ်​သွားရော P'Saint လို့
တိုးတိုးလေးခေါ်ပြီးDeeကိုဖက်​ငိုတယ်​။
ငိုလို့ဝတော့မှ အိပ်​ပျော်​သွားတာ နိုးလာ
တော့ဘာမှမေးမရတော့ဘူး ပုံမှန်​အတိုင်း
ပြန်​တိတ်​သွားတယ်​ အဲ့အကြောင်း
Deeတစ်​ယောက်​ယောက်​ကိုပြောပြချင်
ပေမဲ့Pickကဘာမှထပ်​မပြောတော့ရင်
Dee လိမ်​နေတယ်​လို့ သံသယဝင်​မှာဆိုးလို့ ရေငုံနှုတ်​ပိတ်​နေခဲ့တာ ခုနကP'အန္တရာယ်
ဖြစ်​တော့မှာမို့စိုးရိမ်​ပြီအော်​ခေါ်လိုက်​တာ အခုကျတော့ပုံမှန်​အတိုင်းပြန်​ဖြစ်​သွားပြန်​ပြီ"

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now