Part 7

1.8K 204 10
                                    

Zawgyi

ချစ်​ခြင်းတို့ရဲ့......စေစားရာ💕💕
               (Part 7)

"ကျစ်​....မဖြစ်​နိုင်​တာ ဘယ်​လိုမှမဖြစ်​နိုင်​ဘူး"

"ဘာလို့အဲ့လောက်​ခါးသီးနေတာလဲPerth  ရာဒါငါမင်းကိုပထမဆုံးနဲ့နောက်​ဆုံးတောင်းတဲ့အကူညီပါကွာ"

"သူ့နေရာမှာတခြားတစ်​ယောက်​ဆိုအကြောင်းမဟုတ်​ဘူးဒါမဲ့အဲ့ဘဲရုပ်​ဆိုးနဲ့ကတော့မဖြစ်​ဘူး"

"နှလုံးသားကိုအဲ့လိုစေခိုင်းလို့ရရင်​လည်းကောင်းသားဒီလူကိုမချစ်​နဲ့ဟိုလူ့ကိုချစ်​ဆိုပြီးတော့လေ"

Perthတစ်​ယောက်​သက်​ပြင်းသာချမိသည်
မျက်​စိရှေ့ကတက်​ကြွနေတဲ့Naylပုံစံကလည်းတကယ့်​ကိုဆေးမမှီတော့ ဒီလူပျိုကြီးဘယ်​လို
တောင်​ပြုစားခံထားရလည်း Perthစဉ်းစား
လို့မရ ငယ်​ငယ်​တည်းကပေါင်းလာတဲ့သူငယ်​ချင်း အသက်​ပဲ27ဖြစ်​နေပြီ ဘယ်​သူ့ကိုမှစိတ်​ဝင်​စားလို့ဆိုပြီးပြောတာမျိုးမကြားရအခုစိတ်​ဝင်​စားမယ့်​စိတ်​ဝင်​စားတော့လဲသူနဲ့လုံးဝအဆီ
အငေါ်မတည့်​တဲ့ဟိုဘဲရုပ်​ဆိုးတဲ့လေ

"အဲ့တစ်​ယောက်​ကရုပ်​ဆိုးသလောက်​ဘယ်​လိုဘယ်​ပုံတင်​စီးတတ်​တယ်​ဆိုတာတွေသာမင်းသိသွားကြည့်​အဲ့ဘဲရုပ်​ဆိုးကိုမင်းချစ်​ရဲမှာတောင်
မဟုတ်​တော့ဘူး"

"ယုန်​ပေါက်​ကစိတ်​ထဲရှိတာကိုအားမနာတမ်း
ပြောတတ်​လို့တင်​စီးတယ်​အပြောဆိုးတယ်
လို့ထင်​ရတာပါသူ့ရဲ့ဖြူစင်​တဲ့မှန်​မှန်​ကန်​ကန်
စိတ်​ဓာတ်​လေးကိုသာမင်းသိရကြည့်​ မင်းငါ့လိုမချစ်​မိသွားဖို့တောင်​ ငါအာမမခံနိုင်​ဘူး"

"အဲ့လိုမျိုး ဘယ်​တော့မှမဖြစ်​ဘူး Nayl ငါကPerth Tanapon"

ယုံကြည်​မှုအပြည့်​နဲ့ပြောလာတဲ့PerthစကားကိုNaylကအပြုံးနဲ့သာတုံ့ပြန်​၏

"အဲ့ဒါတွေထားပါ မင်းငါ့ကိုချာတိတ်​နဲ့ရင်းနှီးအောင်​ကူညီပေးနိုင်​မလားပဲပြော"

"မင်းတခြားတယောက်​ကိုပြောင်းကြိုက်​နိုင်​တဲ့နေ့ကျငါ့ကိုလာပြော မင်းပြောတဲ့နေ့
ပဲDateနိုင်​အောင်​ငါကူညီမယ်​အဲ့ဘဲရုပ်​ဆိုးနဲ့သာဆိုရင်​တော့forever No ပဲ"

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now