Part 33

1.9K 231 34
                                    

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕
                        {Part 33}

"Dee Dee"

"သိပ်​အံ့သြသွားလား Saint"

အမြဲတမ်း P တပ်​ခေါ်နေကျမိန်းမငယ်​လေးကအခုတော့Saintတဲ့လား~~~အံ့သြစိတ်
တွေနဲ့ စကားမဆက်​နိုင်​ဘဲ သူမမျက်​နှာကိုသာမယုံနိုင်​သလို မော့ကြည့်​နေမိသည်​။

"Dee က P' ကိုမုန်းနေခဲ့တာလား ဘာလို့လဲ"

"နင်​မှမဟုတ်ဘူး Perth အနားမှာရှိတဲ့သူတိုင်းကိုငါအရမ်းမုန်းတယ်​ ဘာလို့လဲဆို
တော့ ငါPerthကို ချစ်​နေခဲ့လို့"

"ဒါဆို~~~~~~~~"

"ဟုတ်​တယ်​  နင့်​ကိုနည်းအမျိုးမျိုးနဲ့မသေ
သေအောင်​ လုပ်​ကြံခဲ့တာ ငါပဲ ပြီတော့
Perthအနားမှာရှိတဲ့ လူတိုင်းကို နောက်
မကပ်​ရဲတော့အောင်​ခြိမ်းခြောက်​ခဲ့တာလဲ ငါပဲ "

" Perth အနားမှာရှိနေခဲ့တဲ့လူတွေထဲမှာ ငါ
အမုန်းဆုံးကနင်​ပဲSaint  ဘာလို့လဲသိလား
Perthကနင့်​ကိုအရမ်းချစ်​လို့လေ အဲ့နေ့ကို
နင်​မှတ်​မိလား နင့်​ကိုဆိုင်​ကယ်​နဲ့ဝင်​တိုက်​ဖို့
လုပ်​ကြံတဲ့နေ့က ငါတမင်​ခြေထောက်​နာ
ချင်​ယောင်​ဆောင်​ပြီး နင့်​တစ်​ယောက်
တည်းကားလမ်းကို ဖြတ်​ကူးအောင်​စီစဉ်
ခဲ့တာပြီးတော့ အဝေးကလာတဲ့ဆိုင်​ကယ်​ကိုတွေ့ရင်​ နင်​အံ့သြပြီးကြိုမရှောင်​မိ
အောင်​လို့  တမင်​Pick ကိုနင့်​နာမည်​အော်​ခေါ်အောင်​ဖိအားပေးခဲ့တာ ဒါပေမဲ့
အနားမှာစောင့်​ကြည့်​နေခဲ့တဲ့Perthက
နင့်​ကိုဝင်​ကယ်​လိမ့်​မယ်​လို့ ငါမထင်​ခဲ့မိဘူး ဒါပေမဲ့သူတကယ်​ပဲ ဝင်​ကယ်​ခဲ့တာ အဲ့
နေ့က အဲ့မြင်​ကွင်းကိုကြည့်​ပြီး ငါရင်​ထဲမှာတနုံ့နုံ့နဲ့ နင့်​ကိုသေလောက်​အောင်ကို မုန်း
မိတယ်​"

"Dee ရယ်​"

Saint တကယ့်​ကို စိတ်​မကောင်းပါ။ကိုယ့်​ညီမလေးတစ်​ယောက်​လိုမေတ္တာထားမိခဲ့တဲ့မိန်းကလေးက ကိုယ့်​ကိုအချိန်​ကြာကြီး ရင်​ထဲကကြိတ်​ပြီး မုန်းနေခဲ့တာတဲ့လား.....

"အစတည်းက ချစ်​နေခဲ့တာဆို ပြောခဲ့ရောပေါ့Dee ရယ်​ P'ကြည်​ကြည်​ဖြူဖြူပဲ
နောက်​ဆုတ်​ပေးမှာပေါ့ ဘာလို့ဒီလို
မကောင်းတဲ့နည်းလမ်းတွေ သုံးခဲ့ရတာလဲ"

ချစ်​ခြင်းတို့ရဲ့.....စေစားရာ💕💕Where stories live. Discover now