Uicode
မီးရောင်ခပ်မှိန်မှိန်သာထွန်းထားတဲ့ ဘားဆိုင်လေးဟာ သီချင်းသံအေးအေးလေးနဲ့ စကားပြောသံတစ်ချို့ ဝေဆာနေခဲ့သည်။
" တစ်ကယ်ဆို မင်းရော စီနီယာရောက လွန်ခဲ့တဲ့နှစ်တွေကတည်းက မင်းတို့ကိစ္စကပြီးသွားခဲ့ပြီ
သူ့အိမ်ထောင်ကျပြီး ကလေးရတာ ဘာဆန်းလဲ...ဆန်းတာက...သူ့မိန်းမကြီးက မင်းကိုတွေ့တာနဲ့ အမောက်တစ်ထောင်ထောင်နဲ့ ပေါက်သတ်ချင်နေတဲ့ကြားက မိတ်ဆွေတွေလို နေကြရအောင်ဆိုပြီး လာပြောတာက ဆန်းတာ... သူညှိနှိုင်းပေးရအောင်လည်း သူ့အမျိုးသမီးစိတ်က
အတည်ယူလို့ ရတာမဟုတ်ဘူး..."ဆောနူက ကြက်ဆာကေးကို တူနဲ့ဖဲ့မြည်းရင်း
ခပ်လေလေမျက်နှာဘေးနဲ့ ပြောလာသည်။" အတည်ယူလို့ရတာရှိတယ်... ငါ့လက်နဲ့အမောက်တစ်ထောင်ထောင်နဲ့ အဲ့ဒီ့မိန်းမရဲ့ လည်မျိုကိုညှစ်သတ်ပြီး ရှင်းထုတ်လိုက်မယ်ဆိုတာတော့ အတည်ယူလိုက်..."
ဂျယ်ယွန်းက ဝီစကီတစ်ခွက်ကို တစ်ကြိုက်တည်း မော့ချလိုက်သည်။
" ဟူး....မင်းတို့ရန်စက နှစ်နဲ့လည်းချီနေပြီ
အခု သူ့မှာ ကိုယ်ဝန်ကြီးနဲ့ ဥစ္စာ ...ကိုယ်ကအငယ်ပဲ...သူ့ကိုတွေ့တိုင်း မင်းကရန်သူလို မဆက်ဆံပဲ
သဘောထားကြီးကြီးနဲ့ နားလည်ပေးလိုက်ပါကွာ..."" နားမလည်ပေးပါဘူး...ငါ့ကိုတွေ့တိုင်း တမင်သက်သက် လုပ်နေတာ အဲဒီ့မိန်းမ... ငါ့ကို သူ့ယောကျာ်းနဲ့မတွေ့ရအောင် အလုပ်ကထွက်စေချင်နေတာ ငါသိတယ် "
ဆောနူက နားထောင်ရင်း စိတ်ရှုပ်လာကာ
ခေါင်းကို ကုပ်သည်။" ဂျယ်ယွန်းရာ စိတ်ကိုလျော့ပါဦး...
သူတို့နဲ့တွေ့ပြီးတိုင်း အမြဲမင်းစိတ်ပင်ပန်းနေတာ
မင်းမမောဘူးလား... တစ်ကယ်လို့ မင်းအခြားရုပ်သံဌာနကို ပြောင်းချင်တယ်ဆိုရင်...."" မပြောင်းဘူး !! ငါဒီနေရာရဖို့ ဘယ်လောက်ကြိုးစားထားရတယ်ထင်လဲ...သူတို့ကြောင့်
ငါကဘာကိစ္စပြောင်းပေးရမှာလဲ... ငါဘာအမှားမှ လုပ်ထားတဲ့သူမဟုတ်ဘူး... .ငါ့ခံစားချက်ကို
နားမလည်ပဲ ငါ့ကိုဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ
လာပြီးမဝေဖန်နဲ့...."
YOU ARE READING
Tell Me Why ( Hiatus )
Fanfiction"ခင်ဗျား အိပ်မက်လေးရဲ့ နောက်ကွယ်မှာ တိတ်တဆိတ်ရပ်နေတဲ့ ကျွန်တော့်ကို တွေ့လား... ခင်ဗျားဆီလာဖို့ တစ်ကနေတစ်ဆယ်အထိ ရေတွက်အပြီးမှာပဲ ကျွန်တော်တို့ တစ်ဖြည်းဖြည်းဝေးသွားပြန်တယ်.... ကျွန်တော့်အတွက် ခင်ဗျားက... တစ်စင်းထဲသော လမင်းဖြစ်ပြီး ကျွန်တော်မဝံ့ရဲ...