Section 1

2.7K 232 38
                                    

Unicode

BN- သေချာအချိန်ယူပြီး ပြန်လာခဲ့တာပါ။
Section ဆယ်ခုကျော်ပဲ ထည့်ထားမယ့် mini storyလေးဖြစ်ပါတယ်။

ဒီဟာဖတ်ပြီး ပျော်ရွှင်ရလိမ့်မယ်လို့တော့
အာမမခံပါဘူး အချိန်ပေးဖတ်ရသလောက် ကျေနပ်မှုရဖို့တော့ အာမခံပါတယ်။

Bonnie

💫💫💫💫💫💫💫💫💫💫💫💫💫💫💫




Section 1

" ဘယ်ဘုရားဆီမှာမှ တောင်းလို့မရတဲ့ဆုတွေ ရှိတယ်.... ဘဝတစ်ခုလုံး dark sideတွေပြည့်နေတဲ့ လူတစ်ယောက်ဆီမှာလည်း ဘယ်သူမှ
ဖွင့်မကြည့်ခဲ့တဲ့ မပြည့်နိုင်သော် အညိုရောင် ဆုတောင်းစာတွေ မရေမတွက်နိုင်အောင်
ရှိနေခဲ့မှာပဲ....

ဘယ်နေရာကြည့်ကြည့် သူ့အတွက်
အနက်ရောင် ကန္တာရတွေချည်းပဲ....
အကြိမ်ကြိမ်ပျက်စီး...
အကြိမ်ကြိမ် နာကျင်ရင်း.....

ဒါဟာ အမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားမယ့်
လူတစ်ယောက်ရဲ့အကြောင်း ရေးထားတဲ့ သီချင်းပါ... သီချင်းနာမည်က Demons...
နားဆင်ခံစားပေးကျပါဦး......"

" When the days are cold
And the cards all fold
And the saints we see
Are all made of gold

When your dreams all fail
And the ones we hail
Are the worst of all
And the blood's run stale..."

" တင်" ဆိုတဲ့ အသံကြီးထွက်ပေါ်လာတာနဲ့
ဒါဟာ အသံသွင်းမှု ပြီးဆုံးသွားကြောင်း
အချက်ပေးသံမှန်း သိနေတာကြောင့်
မိုက် ခလုပ်ကိုပိတ်ပြီး နားကျပ်ကို ဖြုတ်လိုက်သည်။

လက်ပေါ်က နာရီကိုမျက်စိစွေပြီး ကြည့်လိုက်တော့ ည၇နာရီထိုးနေပြီမှန်း တွေ့လိုက်ရသည်။

ဖုန်းနဲ့လိုအပ်တဲ့စာရွက်စာတန်းတွေယူပြီး
အသံတိတ်လက်ခါပြနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့ကို လက်ပြနှုတ်ဆက်ပြီး စတူဒီယိုအပြင်ဘက်ထွက်လာခဲ့တယ်။

စောင့်ဆိုင်းစရာမလိုပဲ အလျင်သင့်စွာပွင့်လာတဲ့ ဓာတ်လှေကားထဲဝင်ပြီး ၃ထပ်မြောက်ခလုပ်ကိုနှိပ်လိုက်မိသည်။

ကျယ်ကျယ်ပြန့်ပြန့်ရှိလှသော ဓာတ်လှေကားအထဲမှာ ကိုယ်တစ်ယောက်သာလိုက်ပါလာတာကြောင့် တိတ်ဆိတ်စွာရွေလျားနေခဲ့ပြီး မကြာခင်မှာပဲ အလိုရှိရာအထပ်ကိုရောက်ပြီး တံခါးပွင့်လာခဲ့သည်။

Tell Me Why ( Hiatus )Where stories live. Discover now