Section 7

1.7K 239 14
                                    

Unicode

* ၂ရက် ကြာပြီးနောက် *

ဂျယ်ယွန်းဟာ သူပြောတဲ့စကားကို
သူတည်တဲ့သူပါ...။ ဒီရက်တွေအတွင်း
ဆောင်းဟွန်ကို တစ်ရက်နေလို့ တစ်ခါစကားမပြောပေမယ့် ဆောင်းဟွန်သူ့အိမ်မှာရှိနေတာကိုတော့ မနှစ်မြို့ဟန်မပြဘူး။

ညနေပိုင်းမှာ... အပြင်ကနေပြန်လာတဲ့ ဂျယ်ယွန်းပုံစံက ယမ်းပုံမီးကျနေသလိုပဲ အရမ်းတွေ
စိတ်တိုလာပုံရတယ်။

တံခါးကို ဆောင့်ပိတ်ပြီး အခန်းထဲတန်းဝင်သွားတယ်။ တစ်ညနေလုံး ပြန်ထွက်မလာတော့ဘူး။

ဒီမနက် အသိaudio engineer တစ်ယောက်က
Movie review တစ်ခုအတွက်အသံသွင်းပေးဖို့
ဂျယ်ယွန်းထံ ဖုန်းဆက်လာတယ်။

သူက scriptကို ဂျယ်ယွန်းဆီပို့ပေးပြီး
သူတို့အတူ တစ်နေကုန်အသံသွင်းကြတယ်။

အွန်လိုင်း ပလက်ဖောင်းတစ်ခုမှာ တင်မှာဖြစ်ပြီး
ပေါက်ကိုပေါက်မှ အဆင်ပြေမှာမို့လို့ အသံသွင်းလိုက် ပြန်နားထောင်လိုက်နဲ့ တစ်နေကုန် သူတို့
အလုပ်ရှုပ် သွားတယ်။

နေ့လည်ပိုင်းတစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့ပြီး
ညနေပိုင်းလောက်ရောက်မှ အနီးအနားက
Mallတစ်ခုမှာ ဒင်နာအတူသွားစားဖို့
ကမ်းလှမ်းခံရတာကြောင့် ဂျယ်ယွန်းလိုက်သွားခဲ့တယ်။

ဒင်နာကအပြန် လမ်းမှာတော့ Mallရဲ့ အဝင်အဝမှာ မတွေ့ချင်တဲ့ လူနှစ်ယောက်ကို ဂျယ်ယွန်း
ထပ်ပြီးမြင်တွေ့ခဲ့ရပြန်တယ်။

တစ်ခြားသူတွေတော့ မဟုတ်ဘူး
သူ့ရည်းစားဟောင်းစုံတွဲ နှစ်ယောက်သာ။

အဲဒီ့မှာ သူနဲ့ကင်မီယောင်းရဲ့ ရန်ပွဲအသေးစားလေးက စတင်ခဲ့ပြန်သည်။ အဲဒီ့အဖြစ်အပျက်ကို
ပြန်ပြောလျှင် လူတိုင်းက သူကသာ ထိုစုံတွဲကို
မနာလိုဖြစ်ပြီး ကင်မီယောင်းကို ပြဿနာစရှာသူဟု တစ်ဖက်သက် ထင်ကြေးပေးကြဦးမည်။

လူတိုင်းထင်မြင်ချက်မှာ သူကသာ ကင်မီယောင်းကို လိုက်ပြီး ပြဿနာရှာနေတဲ့ အရှုံးသမား
ဖြစ်သည်။

တိတ်ဆိတ်နေတဲ့ တိုက်ခန်းက ဟင်းလင်းပြင်ဖြစ်နေတဲ့ သူ့နှလုံးသားလိုပါပဲ...။

Tell Me Why ( Hiatus )Where stories live. Discover now