Section 6

782 114 47
                                    

Unicode

" ကျွန်တော် ခင်ဗျားကိုပဲ ချစ်တယ်...
ပြီးတော့ ခင်ဗျားအနားမှာ နေချင်တယ်...."

ဂျယ်ယွန်းက ကြက်သေသေသွားလေသည်။

ဆောင်းဟွန်ရဲ့ တံခါးပေါ်က လက်လည်း
အားမရှိတော့သလို ပြုတ်ကျသွားသည်။

တစ်အောင့်ကြာတော့ သတိပြန်ဝင်လာတဲ့
ဂျယ်ယွန်းကတုန်ယင်စွာ အသံကျယ်ကျယ်နဲ့
တံခါးကို ဆောင့်ပိတ်သွားသည်။

တံခါးအပြင်ဘက်မှာ ဆောင်းဟွန် ငြိမ်သက်စွာ
ရပ်နေမိသော်လည်း သူ့ရင်တွေဘယ်လောက်တောင် ခုန်ပေါက်လှုပ်ရှားနေမိလည်းဆိုတာ
သူပဲသိသည်။

အပြင်မှာ ရွာနေတဲ့ မိုးကတော့ တိတ်သွားပြီ။

ပိတ်ကျသွားတဲ့ တံခါးကိုမှီပြီး ‌ေဆာင်းဟွန်
ထိုင်ချလိုက်မိတယ်။

အချိန်အကြာကြီး နစ်ဝင်နေတဲ့ ဆူးကို ဖယ်ထုတ်လိုက်သလိုမျိုး စိတ်အတွင်းပိုင်းအထိ ရှင်းလင်းခဲ့သွားပေမယ့် နီးစပ်လာသယောင်ရှိပြီးခါမှ
ဆုံးရှုံးရတော့မလားဆိုတဲ့ အသိကြောင့်
ပိုပြီးယိုင်နဲ့နေခဲ့မိပါတယ်။

အဲဒါကြောင့် ခနခန သက်ပြင်းတွေချနေမိတယ်....။


💧💧💧💧💧🍃🍀🍃🍀💧💧💧💧💧




" မင်းတို့နှစ်ယောက် ဘာဖြစ်ထားကြတာလဲ "

သူ့အိမ်လာလည်တဲ့ ဆောနူက အခန်းထဲရှိနေစဥ်
ကောက်ခါငင်ခါထမေးလာတာကြောင့် ဂျယ်ယွန်း ဘူးကွယ်ပြီး ငြင်းလိုက်ရသည်။

" ဘာမှမဖြစ်ဘူး "

အမြဲလိုလို လူကဲခတ်‌ေတာ်တဲ့ ဆောနူက...

" ဘာမှမဖြစ်ဘူးသာပြောတယ်....

ဆောင်းဟွန်ရှီက .....အခု ငါလာတော့
စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ မျက်နှာကလည်း
တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်လို့....

မင်းကလည်း အဲ့လိုပဲ... အရင်ကဆို ငါလာရင်
အပြင်သွားမယ်ဆိုပြီး အဝတ်အစားအဆင်သင့်လဲထားနှင့်ပြီးသားနဲ့တက်ကြွနေတဲ့သူက

အခု အိမ်မှာနေအင်္ကျီနဲ့...
အခန်းအောင်းနေတယ်...

ကဲ...အဲဒါက တစ်ခုခုဖြစ်နေကြတာ မဟုတ်လို့ ဘာလဲ....."

Tell Me Why ( Hiatus )Where stories live. Discover now