Unicode
ဂျယ်ယွန်း မျက်လုံးတွေက မှုန်မှိူင်းနေတယ်....
ဆောင်းဟွန် ဂျယ်ယွန်းကိုကြည့်ရင်း ဝမ်းနည်းလာတယ်။ ဂျယ်ယွန်းဟာ ဘာမှမရှိတော့လောက်အောင် ပြိုလဲပျက်စီးနေပုံပေါ်နေမယ့် အခုထိ
အခက်အခဲတွေကို တစ်ယောက်တည်းကျိတ်ခံစားတတ်တဲ့သူတစ်ယောက်ဖြစ်ပုံပေါ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှ
မပြောဖြစ်ကြပဲ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးစက်စက် ညနေခင်း လေထုသာရှိတယ်။ခနကြာမှ ဆောင်းဟွန်ဘက်ကနေ စပြီး...
" ဦးလေးမရှိတော့လို့ ဝမ်းနည်းနေတာလားဟင်..."
" အင်း ဟုတ်မလား မသိဘူး..."
ဂျယ်ယွန်းက အဓိပ္ပာယ်မတိမကျလေးသာ
ပေါ့ပေါ့ပါးပါးပြောပြီး စကားရပ်ထားလိုက်တယ်။ အဲလို ဂျယ်ယွန်းဘက်က တရင်းတနှီး
စကားတွေပြောလာတိုင်း ဆောင်းဟွန်ရဲ့ ရင်ထဲမှာ
လှိုင်းငွေ့နွေးနွေးလေး တစ်ခု ငြိမ့်ငြိမ့်ငြောင်းငြောင်း ဖြတ်ပြေးသွားသလိုခံစားနေရတယ်။တောင်အောက် ခပ်ဝေးဝေးက စပါးပင်တွေကို
ငေးနေတဲ့ ဂျယ်ယွန်းကို ဆောင်းဟွန်က ငေးနေမိတယ်။ ဂျယ်ယွန်းရဲ့ နီနီနုနုနားရွက်လေးတွေကနေတစ်ဆင့် ဖြူဖြူဖွေးဖွေးနားရွက်လေးတွေ
အထိ.....။ညရောက်တော့ ဂျယ်ယွန်း ဘုံရိပ်သာအပိုင် ကျောင်းထဲမှာရှိတဲ့ ဧည့်သည်အခန်းတစ်ခန်းမှာပဲ
တစ်ယောက်တည်း အိပ်သည်။
အပြင်ဘက် တံစက်မြိတ်မှ မိုးစက်မိုးပေါက်တွေ
ရွာကျနေတဲ့ တစ်ဖြောက်ဖြောက်အသံကို ကြား
နေရသည်။မျက်စိစုံမှိတ်အိပ်ဖို့ ကြိုးစားသော်လည်း အဖေ့အကြောင်းက စိတ်ထဲဝင်လာသည်။ သူငယ်ငယ်ကတည်းက လယ်ထဲကြိုးကြိုးစားစားအလုပ်လုပ်သော်လည်း ဆင်းရဲသထက်ဆင်းရဲလာတဲ့ အဖေ....။ အမေနဲ့သူ့အပေါ်သစ္စာဖောက်ပြီး
အပြင်မှာရလာတဲ့ ကလေးတစ်ယောက်ကို
လက်ဆွဲပြီး အိမ်ပေါ်ခေါ်တင်ခဲ့တဲ့ အဖေ....။
ဒီတစ်နည်းတည်း ရှိတာကြောင့် မဖြစ်မနေ
လက်ထပ်ဖို့ ဖိအားပေးဖူးခဲ့တဲ့အဖေ....။
သူပစ်ထားခဲ့တဲ့ နှလုံးရောဂါသည် အဖေ....။
YOU ARE READING
Tell Me Why ( Hiatus )
Fanfiction"ခင်ဗျား အိပ်မက်လေးရဲ့ နောက်ကွယ်မှာ တိတ်တဆိတ်ရပ်နေတဲ့ ကျွန်တော့်ကို တွေ့လား... ခင်ဗျားဆီလာဖို့ တစ်ကနေတစ်ဆယ်အထိ ရေတွက်အပြီးမှာပဲ ကျွန်တော်တို့ တစ်ဖြည်းဖြည်းဝေးသွားပြန်တယ်.... ကျွန်တော့်အတွက် ခင်ဗျားက... တစ်စင်းထဲသော လမင်းဖြစ်ပြီး ကျွန်တော်မဝံ့ရဲ...