Section4

1.7K 226 67
                                    

Unicode

ဝိတ်တာ ဝတ်စုံပြည့်ဖြင့် အရက်ငှဲ့ပေးနေတဲ့
ဆောင်းဟွန်က သတိကြီးကြီးနဲ့ပင်...။

လက်တစ်ဖက်နဲ့ ဂရုတစ်စိုက် အလုပ်ကြိုးစားနေရင်း ချွေးပြန်နေရသည်။

သူရောက်နေတဲ့ သီးသန့်ခန်းထဲက လူလေးယောက်ကတော့ သူ့ကိုသတိမထားမိပဲ စားပွဲပေါ်တက်ပြီး အင်္ကျီတစ်လွှာချင်းချွတ်ကနေတဲ့ကောင်မလေးတွေဆီမှာ အကြည့်တွေကပ်ရင်း ပျော်မြူးနေကာ.. ထိတ်ဆုံးကလူက သူငှဲ့ပေးတဲ့
ဝီစကီတစ်ခွက်ကို ဆွဲယူရင်း....

" ဘေဘီတို့...ခနနေကြရင် နားလို့ရပြီ...
တို့အားလုံးကို ဖျော်ဖြေမယ့် လူတစ်ယောက်လာလိမ့်မယ်...."

" အပြောကြီးမနေနဲ့ ...ထပ်ရိုက်ခံနေရဦးမယ် "

အပြောခံလိုက်ရတဲ့သူက အနာစပ်သွားပြီး...

" ကြည့်လိုက်လေ...ရှင်းဂျယ်ယွန်းဆိုတဲ့ကောင်
ငါ့ခြေထောက်ကိုဖက်ပြီး သူ့လုပ်ရက်ကမှားပါတယ်ဆိုပြီး အော်ရင်း ငါကစားတာခံနေတဲ့
မြင်ကွင်းကောင်း မင်းတို့ကိုပြမယ်..."

"မင်းကစားပြီးရင် ငါတို့ဆီလည်း မျှပါဦး "

ဆောင်းဟွန် လက်တွေတင်းခနဲ ဆုတ်သွားမိသည်။

" ရတာပေါ့... အခုလောက်ဆို အလုပ်ပြုတ်မှာ
ကြောက်တဲ့ ကောင်က ငိုပြီးငါ့ကိုတောင်းပန်ဖို့
ပြေးလာနေလောက်ပြီ....

လာ...လာ...ကမ်းပေ့ချ်..."

" ကမ်းပေ့ချ်..."

ဆောင်းဟွန်သည် ဘေးနားကစကားသံတွေကို
လက်သီးခပ်တင်းတင်းဆုတ်ပြီးနားထောင်နေသော်လည်း မျက်နှာမှာဘာတုန့်ပြန်မှုမှ မရှိပေ။

ဘေးနားက သောက်စားပျော်ပါးနေတဲ့လူတွေရဲ့
ခွက်အလွတ်တွေကို အလိုက်တသိပင် အရက်ငှဲ့ပေးနေလိုက်သည်။

မကြာမီအချိန်တွင် သီးသန့်အခန်းထဲသို့ ဂျယ်ယွန်း ရောက်လာခဲ့သည်။

ဂျယ်ယွန်းရောက်လာတာကို မြင်တာနဲ့ ပညာပေးဖို့အသင့်ပြင်နေတဲ့ ငွေကြယ်ပွင့်ကောင်က သဘောကျစွာရယ်မောလိုက်ရင်း ဆိုဖာကိုမှီထိုင်ကာ အရက်ခွက်ကိုမွှေ့ယမ်းလိုက်သည်။

Tell Me Why ( Hiatus )Where stories live. Discover now